![]() |
၂၀၁၂ သမ္မတ အိုဘားမားရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်။
|
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန် ကို ဘယ်တော့ သွားမလဲ ဆိုတာ ကို တော့ အတိတကျ ရက် မသတ်မှတ် ရသေးဘူးလို့ နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်ဇေယျ က ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မေလ အတွင်း မြန်မာ နိုင်ငံကို လာရောက်စဉ် ကတည်းက သမ္မတ အိုဘားမားက သူ့ရဲ့ ဖိတ် ခေါ်မှု ကို အမှာစကား ပါးထား တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ ဇူလိုင်လ ၂၀ ရက် နေ့က အမေရိကန် မဟာဗျူဟာ ဆက်ဆံရေး နဲ့ အမျိုး လုံခြုံရေး ဆိုင်ရာ လက်ထောက် အကြံပေး ဘင် ရုဒ်စ် ဟာ နေပြည်တော် မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတုန်း အမေရိကန် သမ္မတ ရဲ့ ဖိတ်ကြားမှု ကို ထပ်လောင်း အတည်ပြု ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဖိတ်ကြားမှု ကို တရားဝင် လက်ခံ ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား ရာထူး သက်တမ်း မကုန်ခင် အခုနှစ် ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကို သွားရောက်ဖို့ မျှော်လင့် ရပြီး၊ ဒါဟာ နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး အမေရိကန် ခရီးစဉ် ဖြစ်လာမှာပါ။
မြန်မာနိုင်ငံမှာ အခုလို အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက် လာပြီး အမေရိကန် နဲ့ ပိုမို နီးစပ် တဲ့ အခြေအနေ ရှိလာတဲ့ အပေါ် တရုတ် အနေနဲ့ စိုးရိမ်ပြီး သူတို့ အနေနဲ့လည်း မြန်မာ အစိုးရသစ် နဲ့ ဆက်ဆံရေး ခိုင်မာအောင် ပိုမို ပြုလုပ် လာနိုင်တယ် လို့ လန်ဒန်မြို့ Queen Mary တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်း ကထိက ဒေါက်တာ Lee Jones က သုံးသပ် ပါတယ်။
တရုတ် အနေနဲ့ အရင်က စစ်ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီတွေနဲ့ ဆက်ဆံပြီး စီးပွားရေး လုပ်ကိုင်တာမျိုးတွေ လုပ်လို့ မရေတာ့ဘူး ဆိုတာ သေဘာပေါက်ပြီး မြန်မာ ပြည်သူ လူထု အကျိုးရှိမယ့် ဟာကို စဉ်းစား လုပ်ကိုင် လာရတော့ မယ့် အနေ အထား ရှိ လာတယ်လို့ လည်း ဒေါက်တာ ဂျုံးစ် က ဘီဘီစီကို ပြောပါတယ်။
မြန်မာ စစ်တပ် ဘက်ကို ကြည့်ပြန် ရင်လည်း အမျိုးသားရေး အယူအဆကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြား အင်အားကြီး နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေး ရှိမှု အပေါ် စိုးရိမ် နိုင်တယ် လို့ ဒေါက်တာ ဂျုံးစ် က သုံးသပ်ပါတယ်။
စစ်တပ်ရဲ့ နိုင်ငံရေး ထဲ ပါဝင်မှု အခန်း ကဏ္ဍကို ကာကွယ် ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေး ဟာလည်း အကန့်အသတ် နဲ့ ပဲ ဆက်လက် ဖြစ်နေဦးမယ်လို့ ဒေါက်တာ ဂျုံးစ် က ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
အမေရိကန်ကို လာရောက်ဖို့ အိုဘားမား ဖိတ်ခေါ်မှုကို အတိုင်ပင်ခံ ပုဂ္ဂိုလ် လက်ခံ
Reviewed by THITHTOOLWIN
on
05:37
Rating:
