လွှတ်တော်တွေပြန်စ

ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့က ပြန်လည်ကျင်းပနေစဉ်။ Photo: Win Naung Toe/ RFA
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ တင်သွင်းတဲ့အခါ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အနေတွေနဲ့အညီ နည်းမှန်၊ လမ်းမှန် တင်ပြကြဖို့ အထူးအရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။

ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတင်စဉ်မှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ်ခိုင်မာတောင့်တင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဦးစားပေးတာဝန်အဖြစ် ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပေးအပ်ထားတဲ့ အခန်းကဏ္ဍအလိုက် စေတနာမှန်မှန်၊ သစ္စာရှိရှိ ၊ တာဝန်သိသိနဲ့ ကျေပွန်စွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။

အခုပြန်လည်စတင်တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နဲ့ ၂၀၁၆ ခုနှစ် ပြည်ထောင်စု ရဲ့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းတို့ကို အတည်ပြုပြဌာန်းနိုင်ရေး ကိစ္စတွေ ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လွှတ်တော်တွေပြန်စ  လွှတ်တော်တွေပြန်စ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.