ဂျာမဏီနိုင်ငံ ၀ိုင်ကလပ် ကို အသေခံ ဗုံးခွဲ(၁၂)ဦး ဒဏ်ရာရ


Jul 25, 2016 | UPDATED: 03:40, Mon,

ဂျာမဏီနိုင်ငံ အရှေ့ တောင်ပိုင်းBavaria ဘာဗေးရီးယား ပြည်နယ် Ansbach မြို့ က ၀ိုင် နိုက်ကလပ် ဘား တစ်ခုကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ လို့  ဗုံးခွဲသူသေဆုံးသွားပြီး ဆိုင်မှာ ညပိုင်း ၀ိုင်ထိုင်သောက်နေသူ (၁၂)ဦး ဒဏ်ရာရ သွားရာမှာည (၃)ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့  Bavaria ဘာဗေးရီးယား အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


အသက် (၂၇ )ရှိ အသေခံဗုံးခွဲတဲ့သူဟာ ဆီးရီးယားနိုင်ငံမှ လာရောက်နေ ထိုင်နေတာ(၂) နှစ်ခန့် ၇ှိနေ ပြီး ခိုလုံခွင့် လျောက်ထားနေရာ ဒုက္ခသည် အဖြစ်လက်ခံဖို့  ငြင်းပါယ်ခံထားရသူ ဖြစ်ပါတယ်။


အဆိုပါမြို့ မှာ ဂီတပွဲတော်ကျင်းပနေကြတဲ့ အချိန်လည်းဖြစ်ပါတယ်၊ အာဏာပိုင်တွေ ထုတ်ပြန်ပြောဆိုတာမှာ ဗုံးခွဲသေဆုံးသွားသူဟာ သူ့ ကိုသူသတ်သေဖို့  ကြိုးစားခဲ့တာ နှစ်ကြိမ်ရှိနေပြီလို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေကပြောပြချက်အရ အဆိုပါ ဗုံးခွဲတရားခံဟာ ကျော်ပိုး အိပ်တလုံးလွယ်ပြီး ဂီတပွဲတော်အတွင်း ၀င်ဖို့ ကြိုးစားတာကို အ၀င်မခံခဲ့လို့  နောက်ပိုင်း ၀ိုင်အရက်ဘား တခုကို ခွဲခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။

Credit JR news
Social Action for Women - SAW
ဂျာမဏီနိုင်ငံ ၀ိုင်ကလပ် ကို အသေခံ ဗုံးခွဲ(၁၂)ဦး ဒဏ်ရာရ  ဂျာမဏီနိုင်ငံ ၀ိုင်ကလပ် ကို အသေခံ ဗုံးခွဲ(၁၂)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.