နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်အတွက် မော်တော်ယာဉ် ၃ စီး လှူဒါန်းပွဲသို့ တက်ရောက်


ရန်ကုန်၊ဇူ လိုင် ၁၈

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွှေ့လျားစာကြည့်တိုက်အတွက် အသုံးပြုရန် ဂျပန်နိုင်ငံ Sumitomo Corporation Asia & Oceania Pte Ltd က အမေရိကန်ဒေါ်လာ ၂ သိန်းကျော် တန်ဖိုးရှိ မော်တော်ယာဉ် ၃ စီး လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ တက်္ကသိုလ်ရိပ်သာ လမ်း ခြံအမှတ်(၅၄)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။


လှူဒါန်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွှေ့လျားစာကြည့်တိုက် လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပြီး Sumitomo Corporation Asia & Oceania Pte Ltd မှ CEO Mr. Masao Sekiuchiနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Higuchiတို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း သဘာပတိ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်က မော်တော် ယာဉ်များလှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က CEO Mr. Masao Sekiuchi အား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအမှတ်တရ ဂုဏ်ပြုတံဆိပ် ပေးအပ်သည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Sumitomo Corporation Asia & Oceania Pte Ltd မှ လှူဒါန်းသည့် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်အား လှည့်လည်ကြည့်ရှုပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယနေ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွှေ့လျားစာကြည့်တိုက်အတွက် Sumitomo Corporation Asia & Oceania Pte Ltd မှ လှူဒါန်းသည့် မော်တော်ယာဉ်များသည် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၇ သောင်းခန့် တန်ဖိုးရှိပြီး မော်တော်ယာဉ် ၃ စီးလှူဒါန်းခဲ့ကြောင်း၊ ယခင် ၂၀၁၃ ခုနှစ်ကလည်း ဟီးနိုးကုမ်္ပဏီအနေဖြင့် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ် ၂ စီး လှူဒါန်းခဲ့ကြောင်း သိရသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် စာဖတ်အားမြှင့်တက်လာစေရန်အတွက် ရွှေ့လျား စာကြည့်တိုက် များကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စီစဉ်ဆောင်ရွက်နေပြီး လက်ရှိတွင် မြို့ကြီး ၅မြို့တွင် မော်တော် ယာဉ် ၈ စီးဖြင့် ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းများကို ဆောင်ရွက် နေကြောင်း၊ ထို့အပြင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး စာကြည့်တိုက် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်အတွက် မော်တော်ယာဉ် ၃ စီး လှူဒါန်းပွဲသို့ တက်ရောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်အတွက် မော်တော်ယာဉ် ၃ စီး လှူဒါန်းပွဲသို့ တက်ရောက် Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.