မောင်တောဒေသတွင် တောဆင်ရိုင်းများအုပ်စုလိုက် စိုက်ခင်းများကို ဖျက်ဆီးမှုရှိနေ

(ဓါတ်ပုံ - မယူတောင်တန်းအနီးရှိ ကျေးရွာတစ်ရွာအနီးသို့ လာရောက်သည့် တောဆင်ရိုင်းများအားတွေ့ရစဉ်)
နိရဉ္စရာ၊ ဇူလိုင်လ ၁၈

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်ရှိ မယူတာင်တန်းအနီးတွင်တည်ရှိသည့် စပါးစိုက်ခင်းများနှင့် ဥယျာဉ်ခြံများကို တောဆင်ရိုင်းများ လာရောက်ဖျက်ဆီးမှုများရှိနေသည်ဟု ဒေသခံများကပြောဆိုသည်။

" ရွာနားထိတောင်ရောက်ပါတယ်။ တစ်ခါတစ်လေ ရွာထဲကိုတောင် ၀င်လာတတ်ပါတယ်။ အများဆုံး လာရောက် တာကတော့ လယ်လုပ်ချိန်နဲ့ ဥယျဉ်ခြံမြေတွေမှာ သီးနှံတွေ ပေါ်တဲ့ အချိန်တွေမှာလုပ်တဲ့ အချိန်တွေမှာပါ။တစ်ခါတလေမှ တစ်ကောင်တည်းလာတတ်ပေမယ့် အများအားဖြင့်တော့ အုပ်စုလိုက် လာရောက်တတ်ပါတယ်။သူတို့ မဖျက်ဆီးခဲ့ရင်တောင်မှ အသွားအပြန်တွေကြောင်း အများကြီး ပျက်စီး သွားတတ်ပါတယ်။ ရွာသားတွေ အကုန်လုံးက ဒီဟာတွေကိုပဲ မှီခိုအားကိုးနေရတော့ ပျက်စီးသွားခဲ့တာတွေကို နောက်တစ်ခေါက် အစားထိုးစိုက်ပျိုးဖို့ဆိုတာ မလွယ်တော့ပါဘူး။နောက်ကျတော့ စားဝတ်နေရေးတွေက အစ အခက်အခဲတွေ ဖြစ်လာကြပါတယ်။" ဟု ကင်းချောင်းကျေးရွာသားတစ်ဦးဖြစ်သည့် ကိုထွန်းကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ထိုမယူတောင်တန်းအနီးရှိ ကျေးရွာများနေ ရွာသားများ၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မှာ လယ်ယာလုပ်ငန်းနှင့်ဥယျာဉ်ခြံမြေများကိုသာ အားကိုး လုပ်ကိုင် စားသောက်နေကြရကြောင်း သိရသည်။

မိုးရာသီတွင် မယူတောင်တန်းရှိ လယ်မြေများကို ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ရကြောင်း ၊ ကျေးရွာနှင့် နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီခန့် ခရီး ဝေးကွာသည့် လယ်ယာမြေများတွင် စပါး ပျိုးစတင်သည့် အချိန်မှစ၍ တောရိုင်းဆင်များ လာရောက်ဖျက်ဆီးမှုများကြောင့် လယ်ယာမြေတွင် ညအိပ်စောင့်နေရကာ အသက် အန္တရာယ်ကိုလည်း စိုးရိမ် နေရကြောင်း ဗောဓိကုန်းကျေးရွာသား တစ်ဦးက ဆိုသည်။

"ခုအချိန်က တောဆင်းရိုင်းတွေကတစ်မျိုး၊ ဘင်္ဂလီတွေရဲ့ ရန်ကိုကြောက်နေရတာက တစ်ဖုံဆိုတော့ လယ်တဲမှာ ညအိပ်စောင့်နေရတာကလည်း ကိုယ့်အသက်အန္တရာယ်ကိုတောင် စိုးရိမ်နေကြရပါတယ်။ ဘယ်လိုမှ လုပ်စားလို့ မရတော့ပါဘူး။ ကိုယ်ပိုင်လယ်မြေရှိပေမယ့်လည်း ဝမ်းစာဖုံလုံဖို့တောင် အခက်အခဲတွေ ဖြစ်နေကြပါတယ်။ တောဆင်ရိုင်းတွေကလည်း အုပ်စုလိုက် ၁၀ ကောင်၊ ၁၅ ကောင်ကနေ အကောင်၂၀ ထိတောင် လာတတ်ပါတယ်" ဟု ဗောဓိကုန်းကျေးရွာနေ ကိုလှမြင့်က နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

၎င်းပြင်သူပ "လယ်မြေမရှိတဲ့ ရွာသားတွေကတော့ တောင်ယာလုပ်ငန်းကို အဓိကထား အသက်မွေး ဝမ်းကျောင်းနေရတော့ ဝမ်းရေးအတွက် မယူတောတန်းထဲမှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီး တောထဲမှာပဲ ညအိပ်စောင့် နေကြရပါတယ်။ အရင်တုန်းကတော့နေ့လုပ်နေ့စားတွေက တောထဲသွားဟင်းရှာ မနက်မိုးလင်း မောင်တော ဈေးသွားရောင်း ရလာတဲ့ငွေနဲ့ ဆန်၊ ဆီ၊ ဆားဝယ်၊ မိသားစုစားဝတ်နေရေး အဆင်ပြေ လည်ပတ်ခဲ့ပါတယ်။ တစ်ဦးတစ်ယောက်တည်း ဟင်းရှာ ထင်းခုတ်လို့ ရခဲ့ပါတယ်။၂၀၁၂ ခုနှစ် နောက်ပိုင်တော့ လူမျိုးခြား ရန်ကို ကြောက် နေရပါတယ်။ ဘင်္ဂလီတွေက အုပ်စုလိုက် တစ်နေ့ တစ်နေ့ ဟင်းရှာ၊ ထင်းခုတ် သွားတာ တစ်ဖွဲ့မှာ ၁၅ ယောက်၊ အယောက် ၂၀ လောက်တောင် ပါတတ်ပါတယ်။ မယူတောင်ထဲကို နှစ်နာရီလောက် သွားရတော့ ရခိုင်တွေက တစ်ယောက်တည်း မသွားရဲကြတော့ မိသာစုစားဝတ်နေရေး အခက်အခဲ ကြုံတွေနေရပါတယ်"ဟု သူကဆက်ဆိုသည်။

၂၀၁၂ နောက်ပိုင်းတွင် မယူတောင်တန်းအနီးရှိ နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား အန္တရာယ် ကင်းရှင်းရန်နှင့် သွားလာရ လွယ်ကူစေရန် ကျေးရွာချင်းဆက်လမ်းမကြီးတစ်ခုကို အစိုးရက ဖောက်လုပ် ပေးခဲ့ကြောင်း၊ ၎င်းလမ်း အောက်ဖက်ရှိ ဘင်္ဂလီရွာသားများအား လမ်းကိုကျော်လွန်မသွားလာရန် ပထမ အစတွင် တားမြစ် ထားခဲ့ကြောင်း၊ နောက်ပိုင်တွင် ဘင်္ဂလီရွာသားများ သည် အုပ်စုလိုက် လူအင်အားဖြင့် ခွင့်ပြုချက်မဲ့ ဖြတ်သန်းသွာလာကာ မယူတောင်ထဲသို့ဝင်ရောက်ပြီး သစ်ခုတ်၊ လယ်လုပ်၊ ဟင်းခူးမှု များ ပြုလုပ်လာသော်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများက အရေးယူဟန့်တားမှုများ ထိရောက်စွာ မပြု လုပ်တော့ကြောင်း၊ ဒေသခံ တိုင်းရင်းသားများအနေဖြင့် ၎င်းဒေသတွင် လူနည်းစု ဖြစ်နေသဖြင့် လုပ်ကိုင် စားသောက်ရာတွင် အခက်အခဲအန္တရာယ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒေသခံတိုင်းရင်သားများက ဆိုသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara

မောင်တောဒေသတွင် တောဆင်ရိုင်းများအုပ်စုလိုက် စိုက်ခင်းများကို ဖျက်ဆီးမှုရှိနေ မောင်တောဒေသတွင် တောဆင်ရိုင်းများအုပ်စုလိုက် စိုက်ခင်းများကို ဖျက်ဆီးမှုရှိနေ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.