တွံတေး - မအူပင်ကားလမ်းမှာ အလုပ်သမားများ တင်ဆောင်လာသည့် ထော်လာဂျီနှင့် ပရိုဘောက် ယာဉ်တိုက်မှုဖြစ် (၁၀)ဦး ဒဏ်ရာရ
22-7-2016
ဇူလိုင်လ(၂၂)ရက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း တွံတေး - မအူပင်ကားလမ်း အဒွန်းရေကျော်ကျေးရွာအနီးမှာ အလုပ်သမားများ တင်ဆောင်လာသော ထော်လာဂျီကားနှင့် ပရိုဘောက်ကားနှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားရာခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၉)ဦး၊ မ(၁)ဦး ခြေကျိုး / ခေါင်းကွဲ / လက်ကျိုး / ပေါင်ကျိုး / နံရိုးကျိုး အခြားထိခိုက်ဒဏ်ရာများ ရရှိသော အနီရောင်(၃)ဦး၊ အဝါရောင် (၃)ဦး၊ အစိမ်းရောင် (၄)ဦး စုစုပေါင်း လူနာ ၁၀ဦးတို့အား မအူပင်ပြည်သူ့ဆေးရုံကြီးသို့ စိတ္တသုခအသင်းမှ ပို့ဆောင်ပေးခဲ့ပါသည်။
Ko Phyo Kokoshwe (စိတ္တသုခ တွံတေး)
တွံတေး - မအူပင်ကားလမ်းမှာ အလုပ်သမားများ တင်ဆောင်လာသည့် ထော်လာဂျီနှင့် ပရိုဘောက် ယာဉ်တိုက်မှုဖြစ် (၁၀)ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
10:52
Rating:
