ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့တောင်းဆိုတဲ့ လက်မှတ်တွေကောက်ယူ

ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့တောင်းဆိုတဲ့ လက်မှတ်တွေကို ဇူလိုင်လ ၁၈ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင်ပြီး ကောက်ခံနေစဉ်။ Photo: Hset Paing Toe/ RFA
ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့နဲ့ တရားမ၀င်ပြည်ပ တင်ပို့မှုတွေကို တားဆီးပေးဖို့ အတွက် အစိုးရ ထံတောင်းဆိုမယ့် လက်မှတ်တွေကို မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင်ပြီး မန္တလေး၊ စစ်ကိုင်း နဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကောက်ယူနေပါတယ်။

ပြည်တွင်းကျောက်မျက်ဈေးကွက် ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီ က ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦး က ပြောပါတယ်။

အဲဒီကော်မတီက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး လက်မှတ်တွေကို ကျောက်စိမ်းဈေးတွေမှာ စတင်ကောက်ခံနေရာ လက်ရှိအချိန်ထိ မန္တလေးမြို့မှာ လက်မှတ်ပေါင်း တစ်သိန်းနီးပါးရရှိထားပြီး စစ်ကိုင်းနဲ့ ဖားကန့်မှာလည်း ဆက်လက်ကောက်ခံနေတယ်လို့ ပြောပါတယ်။

တရားဝင်ကျောက်စိမ်းရောင်းဝယ်မယ်ဆိုရင် နိုင်ငံတော်ကို ကျောက်တန်ဖိုးရဲ့ အခွန်ငွေစုစုပေါင်း ၂၈ ရာ ခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး အဲဒီအခွန်ငွေကို မပေးလို ကြတဲ့ ကျောက်ကုန်သည်တွေဟာ တရားမဝင်ဈေးကွက် ကနေတဆင့် တရုတ်ပြည်ကို တင်ပို့နေကြတာဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ အခွန်တိမ်းရှောင်သူတွေကို တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိလာအောင် လုပ်ဆောင်ပေးဖို့ တနိုင်တပိုင် ပြည်တွင်းကျောက်မျက် လုပ်ငန်းရှင်တွေက တောင်းဆိုကြတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်က ဖားကန့်ဒေသမှာ နယ်မြေမအေးချမ်းတဲ့အတွက် ကျောက်စိမ်းတူးဖော်မှုတွေကို တစ်နှစ်ကျော်ကြာရပ်နားထားခဲ့တဲ့ အတွက် ပြည်တွင်းကျောက်စိမ်းဈေးကွက်မှာအရောင်းအဝယ်တွေမြင့်တက် ခဲ့ပြီး ဈေးကောင်းရရှိခဲ့ကြပါတယ်။ ပြည်တွင်းကျောက်စိမ်းဈေးကွက် မြင့်တက်လာဖို့အတွက် ကျောက်စိမ်းတူးဖော်နေမှု ကိုလည်း ယာယီရပ်ဆိုင်းပေးစေလိုကြပါတယ်။

ပြည်တွင်းကျောက်စိမ်းဈေးကွက်ကို မှီခိုလုပ်ကိုင်နေသူအရေအတွက်ဟာ မန္တလေးမြို့မှာ ၂ သိန်းကျော်၊ စစ်ကိုင်းမြို့ မှာ ၅ သောင်းခန့်နဲ့ ဖားကန့်ဒေသမှာ ၇ သိန်းကျော်အထိ ရှိတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ