အစိုးရထုတ်ဒီဇယ်နှုန်းရှင်ဖြင့် ရောင်းမည်


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်လုပ်သော ဒီဇယ်များကို ယခုဇူလိုင်လမှစတင်ပြီး နိုင်ငံတကာပေါက်ဈေး အတိုင်းနှုန်းရှင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဦးက ပြောကြား သည်။

အဆိုပါ ဒီဇယ်ကို မင်းလှမြို့နယ်ရှိ မန်း-သံပရာကန်စက်ရုံမှ ထုတ်လုပ်ပြီး စင်ကာပူစက်သုံးဆီဈေးကွက်နှင့် ချိတ် ဆက်ကာ နေ့စဉ်ပေါက်ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
''အစ်မတို့ဆီက စက်ရုံထုတ်ဈေးနဲ့ ရောင်းမယ်ဆိုရင် အခြားကုမ္ပဏီတွေရောင်း ဈေးထက် မြင့်နေတယ်။ အဲဒီတော့ ရောင်းသူဝယ်သူ အဆင်မပြေဘူးပေါ့။ ဒီတော့ နိုင်ငံတကာဈေးနှုန်းနဲ့ယှဉ်ပြီး နိမ့်ရင်အနိမ့် ဈေး၊ မြင့်ရင်အမြင့်ဈေးနဲ့ ရောင်းပေးဖို့ စီစဉ်တာပါ''ဟု ဒေါ်နီလာဦးက ဆက်လက်ပြောကြားသည်။

အစိုးရမှ ဒီဇယ်ထုတ်လုပ်ရောင်းချသော်လည်း အဆိုပါဒီဇယ်တွင် ကန့်ပါဝင် နှုန်းများသဖြင့် ပုဂ္ဂလိကစက်သုံးဆီဆိုင်များက တဆင့်ပြန်လည်ဝယ်ယူရောင်းချခြင်းမျိုး မရှိသလောက်နည်းပါးကြောင်း ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများထံမှ သိရသည်။
''အစိုးရထုတ် ဒီဇယ်က ဆာလဖာ (ကန့်) ပါဝင်နှုန်းများတယ်။ ပွိုင့်ဖိုက်လောက်ပါတော့ ၀ယ်ရောင်းဖို့က မဖြစ် နိုင်ပါဘူး။ ကန့်ပါဝင်နှုန်းများရင် သဘာဝပတ်ဝန်း ကျင်ထိခိုက်တဲ့အတွက် ပွိုင့် 5/ ပွိုင့် 005 ပါဝင်တဲ့ ဒီဇယ် တွေကို တင်သွင်းရောင်းချဖို့ အစိုးရက သတ်မှတ်ပြီးသားပါ။ စင်ကာပူကသွင်းတဲ့ ဒီဇယ်က ပွိုင့် 5/ ပွိုင့် 005 တွေဆိုတော့ ၀ယ်ယူသုံးစွဲသူနဲ့ စကားမပြောရဘူးပေါ့။ အစိုးရအနေနဲ့အရည်အသွေးပိုင်းကို နိုင်ငံတကာနည်းတူ တာဝန်ယူမယ်ဆိုရင်တော့ ၀ယ်ပြီးရောင်းလို့ ဖြစ်ပါတယ်''ဟု ပုဂ္ဂလိက စက်သုံးဆီရောင်းချရေးကုမ္ပဏီတခုမှ လက်ထောက် အထွေထွေမန်နေဂျာ အမျိုးသားက ပြောကြားသည်။

ပြည်ပမှ ဒီဇယ်တင်သွင်းရောင်းချမည်ဆိုပါက ပစ္စည်းဝယ်ရသည့် တန်ဖိုး၊ ဂျူတီပေးဆောင်ရမှု၊ LC ဖွင့်သည့် ကုန်ကျစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန် စသည်တို့ ကုန်ကျမည်ဖြစ်ကြောင်းနှင့် အစိုးရဒီဇယ်ကို ၀ယ်ယူရောင်းချ မည်ဆိုပါက ကုန်ကျစရိတ်လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒေါ်နီလာဦးက သုံးသပ်ပြောကြားသည်။

''ကျွန်တော်တို့ ၀န်ကြီးဌာနထုတ် ဒီဇယ်ကို နှုန်းရှင်နဲ့ရောင်းပေးဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာပေါက်ဈေးကို အခြေခံရောင်းပေးမှာပါ။ အချိန်တိုင်း နေ့တိုင်းမှာတော့ အပြောင်းအလဲရှိနိုင်ပါတယ်''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးစန်းယုက ပြောကြားသည်။

ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသော ဒီဇယ်များတွင် ရိုးရိုးဒီဇယ်၌ ဆာလဖာ(ကန့်)ပါဝင်နှုန်း ပွိုင့် 5(500%)၊ ပရီ မီယံဒီဇယ်၌ ဆာလဖာ(ကန့်)ပါဝင်နှုန်း ပွိုင့် 005 (5%)ရှိကြောင်းနှင့် အစိုးရထုတ် ဒီဇယ်တွင် ဆာလဖာ(ကန့်)ပါဝင်နှုန်း ပွိုင့်5 (5000%)ရှိကြောင်း သိရသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အစိုးရထုတ်ဒီဇယ်နှုန်းရှင်ဖြင့် ရောင်းမည်  အစိုးရထုတ်ဒီဇယ်နှုန်းရှင်ဖြင့် ရောင်းမည် Reviewed by THITHTOOLWIN on 15:50 Rating: 5
Powered by Blogger.