အသက် ၉၀ နဲ့အထက် သက်ကြီး ရွယ်အိုတွေကို ငွေကြေးထောက်ပံ့ မည်

မန္တလေးမြို့မှာ ဂျာနယ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အဖိုးအို ဦးဘိုနဲ့ ဇနီးကို တွေ့ရစဉ်။ Photo: Hset Paing Toe/ RFA
အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က နှစ်စဉ်ငွေကြေးထောက်ပံ့ပေးမယ့်အစီအစဉ်ကို စတင် လိုက်ပါတယ်။

အသက် ၉၀ နဲ့ ၁၀၀ ကြား လူကြီးတွေအတွက် တစ်နှစ် ငွေကျပ် တစ်သောင်းခွဲနဲ့ အသက် ၁၀၀ နဲ့အထက်ကို တစ်သောင်းရှစ်ထောင်ကျပ် ထောက်ပံ့ပေး သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် က ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၉၀ နဲ့အထက် သက်ကြီးရွယ်အို တစ်သောင်းခွဲနီးပါးရှိပြီး ထောက်ပံ့ငွေကြေးတွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေက ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တာဖြစ်ပြီး အသက် ၉၀ နဲ့အထက်ကို အစိုးရဘတ်ဂျက် နဲ့ထောက်ပံ့ခဲ့ပြီး အသက် ၁၀၀နဲ့ အထက်ကို ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေရဲ့ လစာငွေနဲ့ ထောက်ပံ့ ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကစတင်ပြီး အစိုးရဘတ်ဂျက်နဲ့ပဲ နှစ်စဉ်ထောက်ပံ့သွားမှာဖြစ်သလို နှစ်အလိုက် ထောက်ပံ့တဲ့ ငွေကြေး ပမာဏ တိုးလာနိုင်တယ်လို့လည်း ဦးစိုးကြည် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ