ရေကြီးပြီးနောက် မင်းပြားမြို့ပေါ်၌ မြစ်ကမ်းပါးပြိုကျ၍ နေအိမ်များ ဖြိုဖျက်ရ


မင်းပြား (July 08, 2016)

ရခိုင်ပြည်အတွင်း ၂၀၁၆ ခု ဇူလိုင်လဆန်း ရေကြီးပြီးနောက်ပိုင်း လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၌ မြစ်ကမ်းပါးပြိုကျရာ နေအိမ် ၁၀ ကျော်ခန့်ကို ဖြိုဖျက်နေရသည်ဟု သိရသည်။

" မြစ်ကမ်းပါးပြိုကျတဲ့အတွက် မြစ်ကမ်းဘေးက အန္တရာယ်ရှိတဲ့ နေအိမ်တွေကို ဒီနေ့ ဖြိုဖျက်နေပါတယ်။ မနေ့ညက တစ်ဆောင်ဖြိုဖျက်ခဲ့ရတယ်။ စုစုပေါင်း နေအိမ် ၁၀ ကျော်လောက် ဖြိုလိုက်ရမယ့် အခြေအနေရှိပါတယ်။ အဓိက အခက်အခဲက သူတို့ရဲ့ နေထိုင်ရေးပါ။ လောလောဆယ်တော့ နီးစပ်ရာမှာ နေကြရတယ်။ လက်လုပ်လက်စားတွေများတော့ ရေကြီးပြီးနောက် အလုပ်အကိုင် အဆင်မပြေတော့ သူရို့ရဲ့ နေထိုင်ရေးက သိပ်အခက်အခဲ ရှိနေပါတယ်။ " ဟု ပြည်တော်လှရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ကပြောသည်။


ထို့အတူ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်၌လည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ဦးစိုးတင့်ချောင်းဝ မော်ထုတ်ရှိ နေအိမ်တစ်အိမ်ကို ယနေ့ဖြိုဖျက်နေရကြောင်းနှင့် နောက်ထပ်လည်း အိမ် ၃ လုံးခန့် ဖြိုဖျက်ရဖွယ်ရှိကြောင်း ဦးစိုးတင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်း ကပြောသည်။


ယင်းအပြင် လေးမြို့မြစ်ရေ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် မင်းပြားမြို့နယ် လက်မ (ရခိုင်) ကျေးရွာ၌ လူနေအိမ် ၁၉ လုံးခန့်ကို မနေ့ကစ၍ ဖြိုဖျက်နေခဲ့ရသည်။

မင်းပြား - သတင်း
08 . 07 . 2016
Photo: Ko Thein
https://www.facebook.com/mongbranews/
ရေကြီးပြီးနောက် မင်းပြားမြို့ပေါ်၌ မြစ်ကမ်းပါးပြိုကျ၍ နေအိမ်များ ဖြိုဖျက်ရ  ရေကြီးပြီးနောက် မင်းပြားမြို့ပေါ်၌ မြစ်ကမ်းပါးပြိုကျ၍ နေအိမ်များ ဖြိုဖျက်ရ Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.