ဒါ့ကား သံတမန် ရပ်ကွက်က ကဖေးဆိုင် စီးနင်းထားမှု အထူးတပ်ဖွဲ့  ၀င်ရောက်ရှင်းလင်း ၂၄ဦးသေဆုံး ၅၀ကျော်ဒဏ်ရာရ


2June 2016

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါ့ကားမှာ သေနတ်သမား(၈)ဦး က ကဖေးဆိုင် တစ်ခုကို မနေ့ ည ၁၀ နာအချိန်က ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး၊ အထဲမှာ ဓားစာခံ တချို့ကို ဖမ်းဆီး ထားတဲ့ နိုင်ငံခြားသား အယောက် ၂၀ ကျော်ဖမ်းဆီး ခံထားရတဲ့  အကြမ်းဖက်မှုကို အထူးတပ်ဖွဲ့ တွေ ၀င်ရောက်ရှင်းလင်းခဲ့လို့  အနည်းဆုံး ၂၄ ဦးသေဆုံး ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။


ယနေ့ မနက်၇း၄၀ အချိန်ကစ အထူးတပ်ဖွဲ့ ဝင် ၁၀၀ ဟာ ၄၅ မိနစ်ကြာ တဖက်နဲ့ တဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကဖေးဆိုင်ထဲ့က အကြမ်းဖက် သမားတွေကို တန်ပြန်ဝင်စီးခဲ့တာဖြစ်ပါတယ်၊ ရဲနှစ်ဦးသေဆုံးခဲ့ပြီး ဆိုင်တွင်းက ဓါးစာခံ (၁၀)ဦးကိုကယ် ထုတ်နိုင်ခဲ့တယ်လို့  ဒါကားမြို့ ကလာတဲ့ သတင်းတွေမှာဖေါ်ပြနေပါတယ်။

ယခုဖြစ်ရပ်မှာ လူ(၂၄)ဦးသေဆုံးခဲ့တဲ့အထဲမှာ နိုင်ငံခြားသား ၂၀ လောက်ပါ တယ်လို့  ဆိုပါတယ်၊ ၀င်းစီးတဲ့ အကြမ်းဖက်သမားတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ သာ သတင်းတွေမှာဖေါ်ပြနေပြီး အသေးစိတ်ကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။


အစောပိုင်းအချိန်က ထွက်ပြေးလွတ်မြောက် လာသူ Sumon Reza,ဆိုသူက ဆိုင်ထဲဝင်လာတဲ့သူတွေဟာ “Allahu Akbar”လို့ မြင့်မြတ်တဲ့ ဘုရားရှင်လို့ အော်ဟစ်ပြီး ဗုံးတွေဖေါက်ခွဲတာ မလုပ်ခင်အော်ဟစ်ခဲ့ကြတယ်လို့  ပြောဆိုခဲ့ပါတယ်။

အစ္စလာမ် နိုင်ငံတော်သစ်အဖွဲ့ ရဲ့  မဟာမိတ် ဖွဲ့ ထားတဲ့ ဘာသာရေး အစွန်းရောက်တွေရဲ့  လက်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ ဘာသာမတူတဲ့ လူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

Telegraph
Social Action for Women - SAW
ဒါ့ကား သံတမန် ရပ်ကွက်က ကဖေးဆိုင် စီးနင်းထားမှု အထူးတပ်ဖွဲ့  ၀င်ရောက်ရှင်းလင်း ၂၄ဦးသေဆုံး ၅၀ကျော်ဒဏ်ရာရ  ဒါ့ကား သံတမန် ရပ်ကွက်က ကဖေးဆိုင် စီးနင်းထားမှု အထူးတပ်ဖွဲ့  ၀င်ရောက်ရှင်းလင်း ၂၄ဦးသေဆုံး ၅၀ကျော်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.