ကလေးဝ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ တွင် ဇူလိုင် ၉ ရက် နံနက်ပိုင်းမှ စတင်၍ ချင်းတွင်းမြစ်ရေသည် မွန်းလွဲ ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၁၅၆၃ စင်တီမီတာအထိ ရောက်ရှိ နေပါသဖြင့် ကလေးဝမြို့ အနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် အမှတ်(၁)ရပ်ကွက် မြို့သာရပ်နှင့် ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ ဖြစ်သော မထု၊ ဂဇက်၊ ယောစု၊ ဆင်ခေါင်း၊ တုန်နန်း၊ ကျော်ဇင် ကျေးရွာတို့၌ ရေ စတင် ၀င်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ရေ၀င်ရောက်သည့် ကျေးရွာများသို့ ကလေးဝမြို့နယ် စီမံခန့် ခွဲမှု ကော်မတီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ၀န်ထမ်းများသည် အဖွဲ့ များခွဲ၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအတွက် စာရင်းကောက် ယူနေကြကြောင်း သတင်းရရှိသည်။
ကလေးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကလေးဝမြို့ ၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန် ရောက်ရှိ
Reviewed by THITHTOOLWIN
on
16:24
Rating:
