အသက်မပြည့်သေးသော ကျောင်းသူအား ခိုးယူ၍ အလိုမတူမဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ မိဘမဖြစ်သူမှ ကျောင်းသားတစ်ဦးအား တိုင်ကြားအမှုဖွင့်


တောင်တွင်းကြီးမြို့၌ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် သမီးဖြစ်သူအားခိုးယူ၍အလိုမတူဘဲသားမယားပြုကျင့်သည်ဆိုကာ ကျောင်းသားတစ်ဦးအား မိန်းကလေး၏ဖခင်ဖြစ်သူမှ တိုင်ကြားအမှုဖွင်ခဲ့မှု ဇူလိုင် ၁၉ ရက်ကဖြစ်ပွား ခဲ့ကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နံနက် ၁၁ နာရီအချိန်က ဦးစန်းလွင်(ခ)အာလူး၊ မြို့နယ်ဇတ်သဘင်ဥက္ကဌ၊ တောင်ပြင်(၁)ရပ်ကွက်၊ တောင်တွင်းကြီးမြို့နေသူသည် ရွှေအိုး(၂)ရပ်ကွက်ရှိ ကိုဇင် ၏နေအိမ်၌ နတ်ဆိုင်းတီးနေစဉ် သမီးဖြစ်သူ မ--------၊ ၉ တန်းကျောင်းသူသည် မကွေးမြိ့သို့ လူငယ်တစ်ဦးနှင့် လိုက်ပါသွားကြောင်း သားဖြစ်သူ ဝေဖြိုးသူမှ လာပြောသဖြင့် ဦးစန်းလွင်မှ လိုက်လံစုံစမ်းစဉ် ဇူလိုင် ၁၆ ရက်ည ၉ နာရီခွဲ အချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၁)ရပ်ကွက်၌ သမီးဖြစ်သူ မ------အားတွေ့ရှိခဲ့၍ မေးမြန်းခဲ့ရာ ယင်းနေ့ နံနက် ၉ နာရီအချိန် ကျူရှင်တက်ရန်တစ်ဦး တည်းသွားစဉ် ကျူရှင်အနီး၌ အောင်မင်းခန့်၊ ၉ တန်းကျောင်းသား၊ ရွှေအိုး(၁)ရပ်ကွက်၊ တောင်တွင်းကြီးမြို့နေသူမှ ၎င်းနှင့်လိုက်ခဲ့ရန်ပြောသဖြင့် လိုက်ပါသွားခဲ့ရာ နံနက် ၁၁ နာရီအချိန် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၁)ရပ်ကွက်၊ကန်တော်ကြီးဘောင်ပေါ်သို့ရောက်ရှိကာ အောင်မင်းခန့် မှ မ--------အား အလိုမတူဘဲ သားမယားအဖြစ် ငါး မိနစ်ကြာပြုကျင့်ခဲ့ပြီးနောက် နတ်မောက် နှင့် မကွေးသို့ သွားရောက်ခဲ့ကာ ည ၉ နာရီအချိန်တောင်တွင်းကြီးမြို့သို့ပြန်လည်ရောက် ရှိခဲ့ကြောင်း ပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်းတရားလို၏တိုင်ကြားမှုအရသိရသည်။

 ယင်းဖြစ်စဉ်နှင့်ပက်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် သမီးဖြစ်သူမ-----အား ခိုးယူ၍ အလိုမတူဘဲ သားမယားပြုကျင့်သူ အောင်မင်းခန့်အား အရေးယူပေးရန် ဇူလိုင် ၁၉ ရက်တွင် ဦးစန်းလွင်မှတရားလိုပြုတိုင်ကြားခဲ့ သောကြောင့် တောင်တွင်းကြီးမြို့နယ်၊မြို့မရဲစခန်းမှ (ပ)၇၇၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/bopyae.taungdwingyi
အသက်မပြည့်သေးသော ကျောင်းသူအား ခိုးယူ၍ အလိုမတူမဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ မိဘမဖြစ်သူမှ ကျောင်းသားတစ်ဦးအား တိုင်ကြားအမှုဖွင့် အသက်မပြည့်သေးသော ကျောင်းသူအား ခိုးယူ၍ အလိုမတူမဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ မိဘမဖြစ်သူမှ ကျောင်းသားတစ်ဦးအား တိုင်ကြားအမှုဖွင့် Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.