ပဲခူး ဇူလိုင် ၁ဝ
ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ဘောနတ်ကြီး မီနီတိုးဂိတ်တွင် ဇူလိုင် ၉ ရက် ည ၈ နာရီ ၁၅ မိနစ်က ဘုရားကြီးဘက်မှ ဘောနတ်ကြီးကျေးရွာဘက်သို့ ယာဉ်မောင်း အောင်လှိုင်ဦး ဘားအံမြို့နေသူ မောင်းနှင်လာသော 9F/- - TOYOTA WISH အဖြူရောင် ကိုယ်ပိုင်ယာဉ်အား မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ အထောက်အထား တစ်စုံတစ်ရာခိုင်လုံစွာ ပြသနိုင်ခြင်း မရှိသဖြင့် ဆက်လက်စစ်ဆေးခဲ့ပါသည်။
ဆက်လက်စစ်ဆေးရာမှာ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၁၄ သိန်းနှင့် ခြောက်လက်မခွဲခန့်ရှိ စတီးခေါက်ဓား၊ SINCE စာတန်းပါ အနက်ရောင် လက်ဆွဲအိတ်တို့ကို တွေ့ရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရန်နောင်ဝင်း၊ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ်ထွန်းလင်းအောင်ပါ ၁၅ ဦးတို့ က ယာဉ်မောင်းအောင်လှိုင်ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
တရားမဝင်လိုင်စင်မဲ့ယာဉ်နှင့် လက်နက်များသိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
08:12
Rating:
