“ရန်ကုန်လေဆိပ်”တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်”တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ။ ဓါတ်ပုံ - ရဲဇာနည်
နေပြည်တော် ဇူလိုင် ၂၇

“ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်”တွင်  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ လိုက်ပါမည့် ခရီးသည် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

ဇူလိုင် ၂၆ ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၄၅)ရန်ကုန်(လေဆိပ်)နှင့် လေကြောင်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (2) ပြည်ပထွက်ခွာဆောင်ရှိ Main X- Ray စက်၌ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ၁၂း၁၅ အချိန် MH-741 လေယာဉ်ဖြင့် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ လိုက်ပါမည့် ခရီးသည် စုမွန်ခိုင် (PPNo. MB 621217/11-5-2016)၏ ခရီးဆောင်အိတ်ကို ရှာဖွေရာ ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၀၀၀ ပြား သိမ်းဆည်းရမိခြင်း ဖြစ်သည်။

 စုမွန်ခိုင်(၂၄)နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

by သစ်ထူးလွင်

“ရန်ကုန်လေဆိပ်”တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ  “ရန်ကုန်လေဆိပ်”တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.