စ​ပိုင် ​ထုတ်​လွှင့်​ချက်​တွေ ​မြောက်​ကို​ရီး​ယား ​ပြု​လုပ်​ဟု​ဆို

အင်​တာ​နက် ​မ​ပေါ်​ခင်​က ​ပြည်​ပ​ရောက် ​အေး​ဂျင့်​တွေ​နဲ့ ​ဆက်​သွယ်​ဖို့ ​ရေ​ဒီ​ယို ​ထုတ်​လွှင့်​ချက်​တွေ​ကို ​သုံး​ခဲ့​ကြ​ရ။
စစ်​အေး​ကာ​လ ​အ​တွင်း​က ​စ​ပိုင်​တွေ​ကို ​ဆက်​သွယ်​ရာ​မှာ ​သုံး​ခဲ့​တဲ့ ​နည်း​လမ်း​ကို ​မြောက်​ကို​ရီး​ယား​က ​အ​ခု ​ပြန်​လည် ​အ​သုံး​ပြု ​နေ​ပုံ​ရ​တာ​နဲ့ ​ပတ်​သက်​ပြီး ​တောင်​ကို​ရီး​ယား ​အ​ရာ​ရှိ​တွေ​က ​ဝေ​ဖန် ​ပြော​ဆို ​လိုက်​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​သီ​တင်း​ပတ် ​အ​နည်း​ငယ် ​အ​တွင်း​က ​ဘာ​အ​ဓိ​ပ္နာယ်​မှန်း ​မ​သိ​ရ​တဲ့ ​နံ​ပါတ်​တွေ၊ ​ဂ​ဏန်း​တွဲ​တွေ​ကို ​မြောက်​ကို​ရီး​ယား ​ရေ​ဒီ​ယို ​က​နေ ​နှစ်​ကြိမ် ​ထုတ်​လွှင့် ​ခဲ့​ပါ​တယ်။

အဲ​ဒီ​လို ​ထုတ်​လွှင့်​မှု​ရဲ့ ​နောက်​ကွယ်​က ​ရည်​ရွယ်​ချက်​ကို ​အ​တိ​အ​ကျ ​မ​သိ​နိုင်​ဘူး​လို့ ​ကို​ရီး​ယား ​နှစ်​နိုင်​ငံ ​ပေါင်း​စည်း​ရေး ​ဝန်​ကြီး​ဌာ​န ​ပြော​ခွင့်​ရ​သူ ​တစ်​ဦး​က ​ပြော​ပါ​တယ်။

ရေ​ဒီ​ယို ​ပြုံ​ယမ်း​က​နေ ​ပြီး​ခဲ့​တဲ့ ​သော​ကြာ​နေ့​ည ​သန်း​ခေါင်​ကျော်​က ​အ​မျိုး​သ​မီး ​တစ်​ယောက် ​အ​သံ​နဲ့ ​ထုတ်​လွှင့်​ရာ​မှာ "​နံ​ပါတ် ၂၇ ​စူး​စမ်း​ရှာ​ဖွေ​ရေး ​အေး​ဂျင့်​တွေ​အ​တွက် ​ဆန်း​စစ်​ချက်​တွေ ​ပေး​မယ်" ​ဆို​ပြီး ​ဆက်​လက် ​ကြေ​ညာ​ရာ​မှာ "​စာ​မျက်​နှာ ၄၅၉ ​နံ​ပါတ် ၃၅၊ ​စာ​မျက်​နှာ ၉၁၃ ​နံ​ပါတ် ၅၅၊ ​စာ​မျက်​နှာ ၁၃၅ ​နံ​ပါတ် ၈၆၊ ​စာ​မျက်​နှာ ၂၅၇ ​နံ​ပါတ် ၂" ​အ​စ​ရှိ​သ​ဖြင့် ၁၂ ​မိ​နစ်​ကြာ ​ထုတ်​လွှင့် ​သွား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

အ​လား​တူ ​ပုံ​စံ​မျိုး ၂ ​မိ​နစ်​စာ ​ထုတ်​လွှင့်​ချက် ​ကို​လည်း ​ဇွန်​လ ၂၄ ​ရက်​နေ့​က ​ထုတ်​လွှင့်​ခဲ့​တယ်​လို့ ​အေ​ပီ ​သ​တင်း​ဌာ​န​က ​ပြော​ပါ​တယ်။

အဲ​ဒီ ​ထုတ်​လွှင့်​ချက် ​တွေ​ရဲ့ ​အ​ဓိ​ပ္နာယ်​ကို ​သိ​ရ​ဖို့ ​တောင်​ကို​ရီး​ယား ​ထောက်​လှမ်း​ရေး​က ​ကြိုး​စား​နေ​ပြီး ​တ​မင် ​ဆွ​ပေး​တဲ့ ​သ​ဘော​မျိုး​လား ​ဆို​တာ​ကို​လည်း ​သ​တိ​ထား ​နေ​ကြ​ပါ​တယ်။

စစ်​အေး ​ကာ​လ ​အ​တွင်း​က ​အ​လား​တူ ​ရေ​ဒီ​ယို ​ထုတ်​လွှင့်​မှု​မျိုး​တွေ​ကို ​ကိုယ့်​ရဲ့ ​ထောက်​လှမ်း​ရေး ​အေး​ဂျင့်​တွေ​နဲ့ ​ဆက်​သွယ်​ဖို့ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ပြု​လုပ်​ခဲ့​ကြ​ဖူး​ပါ​တယ်။ ​စ​ပိုင်​တွေ​က ​ရည်​ညွှန်း ​စာ​အုပ်​ကို ​သုံး​ပြီး ​အ​ဓိ​ပ္နာယ် ​ပြန်​ဖော် ​ကြ​ရ​လေ့ ​ရှိ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
စ​ပိုင် ​ထုတ်​လွှင့်​ချက်​တွေ ​မြောက်​ကို​ရီး​ယား ​ပြု​လုပ်​ဟု​ဆို  ​စ​ပိုင် ​ထုတ်​လွှင့်​ချက်​တွေ ​မြောက်​ကို​ရီး​ယား ​ပြု​လုပ်​ဟု​ဆို Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.