အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ ထင်ပေါ်လာတဲ့ မြန်မာသမ္မတဦးထင်ကျော်


မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ကျင်းပခဲ့သည့် ၁၁ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ဒေသစံတော်ချိန် ၁၁:၅၀ နာရီ တွင် ASEM Village တွင်ကျင်းပခဲ့ပါသည်။

အဆိုပါထိပ်သီးအစည်းအဝေးမှ အာရှ-ဥရောပဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ Ulaanbaatar Declaration on ASEM into the Third Decade ကို ထုတ်ပြန်ခဲ့ပါသည်။ (http://www.asem11.mn/?p=6176&lang=en)

ပိတ်ပွဲအခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပရာ ထိပ်သီးအစည်းအဝေးဥက္ကဌ မွန်ဂိုလီးယားသမ္မတ H.E.Tsakhiagiin Elbegdorj၊ ဥရောပကောင်စီ ဥက္ကဌ Mr. Donald Tusk ၊ ဥရောပကော်မရှင် ဥက္ကဌ Mr. Jean Claude Juncker ၊ အာဆီယံ ညှိနှိုင်းရေးမှူး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဥရောပသမဂ္ဂ ညှိနှိုင်းရေးမှူး ဆလိုဗက်ဝန်ကြီးချုပ် H.E. Robert Fico တို့ တက်ရောက် ခဲ့ပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ ထင်ပေါ်လာတဲ့ မြန်မာသမ္မတဦးထင်ကျော်  အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ ထင်ပေါ်လာတဲ့ မြန်မာသမ္မတဦးထင်ကျော် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.