ဘာတန်ရူ့ဂ်ျမှာ သေနတ် ပစ်ခတ်မှု ဖြစ်ပြီး ရဲတွေ သေဆုံး

 သေနတ်သမား လည်း သေဆုံး သွားပေမယ့် ကြံရာပါ ဖြစ်နိုင်တဲ့ နောက်ထပ် နှစ်ဦးကို ဆက်လက် ရှာဖွေ နေ။
အမေရိကန် ပြည်ထောင်စု လူဝီဆီယားနား ပြည်နယ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ပြီး အနည်းဆုံး ရဲ အမှုထမ်း ၃ ဦး သေဆုံး သွားပါတယ်။

ပြည်နယ်မြို့တော် ဘာတန်ရူ့ဂ်ျရဲ့ လမ်းပေါ် လူတစ်ယောက် ရိုင်ဖယ် သေနတ်ကိုင်ပြီး လျှောက်သွား နေတယ် ဆိုပြီး မျက်မြင်တွေက သတင်းပို့ တိုင်ကြားမှု အပေါ် ရဲတပ်ဖွဲ့က တုံ့ပြန် လာချိန်မှာ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အခြား ရဲ ၃ ဦးလည်း ဒဏ်ရာရ ရှိခဲ့ပြီး အဲဒီ့ထဲက တစ်ဦးက ဒဏ်ရာ ပြင်းထန် ပါတယ်။

သေနတ်သမား လည်း သေဆုံး သွားပေမယ့် ကြံရာပါ ဖြစ်နိုင်တဲ့ နောက်ထပ် နှစ်ဦးကို ဆက်လက် ရှာဖွေ နေတယ်လို့ ရဲ တပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ရာ ဘာတန်ရူ့ဂ်ျ မြို့မှာ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ် နီးပါးက အယ်လ်တန် စတာလင် အမည်ရှိတဲ့ လူမည်း အမျိုးသား တစ်ဦး ကို ရဲတွေက မြေကြီးပေါ် လှဲချ ဖမ်းချုပ်ပြီး သေနတ်နဲ့ အသေ ပစ်သတ်မှု ဖြစ်ခဲ့တဲ့ နောက်ပိုင်း အခြေအနေ တွေ တင်းမာ နေခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ