လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
![]() |
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ် (ဓာတ်ပုံ- MOFA) |
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေး ( 49th ASEAN Foreign Ministers Meeting – AMM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ သည် လာအိုနိုင်ငံသို့ ယနေ့ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တဆင့် ထွက်ခွာ သွားခဲ့သည်။
ယခု ခရီးစဉ်သည် အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပထမဆုံး အကြိမ် တက်ရောက်သည့် အာဆီယံ အစည်းအဝေး ဖြစ်ပြီး လာအိုနိုင်ငံသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ် တစ်ခု ဖြစ်သည်။
အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုနိုင်ငံ၌ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက် အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေး ( 49th ASEAN Foreign Ministers Meeting – AMM) နှင့် အခြားသော ဆက်စပ်အစည်းအဝေးများ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
![]() |
နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ ရစဉ် (ဓာတ်ပုံ- MOFA) |
(Xinhua)
http://www.xinhuamyanmar.com
လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
Reviewed by THITHTOOLWIN
on
16:23
Rating:
