![]() |
ပဲခူးမြို့နယ် အင်းတကော်မြို့ (၂)လောင်းပြိုင်လူသတ်မှုမှတရားခံပြေးအား လက်နက်နှင့်အတူ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိမှု |
၁၉-၇-၂၀၁၆ ရက်နေ့ ၁၅၀ဝ အချိန် ပဲခူးမြို့နယ်၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်း ကျေးရွာတွင် ဖော်ပြပါအမှုမှ တရားခံပြေး စောကျော်စွာ (ခ)စောအောင် ကျော်စွာ (ခ)ကျော်စွာ (ခ) စောအယ်ကော်ထူး ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။
သတင်းအရ တိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူမှ ရဲအုပ် လှထွန်း ဦးစီး (၂+၂)ဦး၊ ခရရ (ပဲခူး) မှုခင်းနှိမ်နင်းရေးမှ ရဲအုပ် ယဉ်မင်းသိုက် ဦးစီး (၂+၃)ဦး၊ ဘုရားကြီး နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ချစ်ကြည် ဦးစီး (၂+၄)၊ စရဖစု (၃) (ပဲခူး)မှ ဗက ဝေဖြိုးကျော် ဦးစီး (၁+၁)ဦး၊ ဝင်္ဂဘော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နေထွန်း တို့ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့ပါသည်။
သရက်ကုန်းကျေးရွာနေ ဦးစံရင် ၉၂ နှစ်(ဘ)ဦးစာဘူး၊ ကရင်/ဗုဒ္ဓ၊ မှီခို၏ နေအိမ်မှ စောကျော်စွာ (ခ) စောအောင်ကျော်စွာ အား ၄င်း၏သမီးဖြစ်သူ မမိစုအောင် ၁၄ နှစ်၊ နဝမတန်း၊ Top&Top ကိုယ်ပိုင်အထက်တန်းကျောင်း၊ မှော်ဘီမြို့ ၏ အနက်ရောင် ကျောပိုးအိတ်အတွင်း ထည့်ယူလာသည့် COLD 45 ၄၅ ပစ္စတို နီကယ်ရောင် သေနတ် ၁ လက် ၊ ၄င်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံပြေး စောကျော်စွာ (ခ)စောအောင်ကျော်စွာအား ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေရဲစခန်း (ပ)၉၂/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့်ဆောင်ရွက်ပြီး အမှုအား ရဲအုပ် ဇာနည်စိုးမှ စစ်ဆေးလျက်ရှိကြောင်းနှင့် အင်းတကော်နယ်မြေရဲစခန်း (ပ)၅၈/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/ ကျင့် ၅၁၂ အမှုဖြင့် ဆက်လက် တရားစွဲတင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း Bago Regional Police Force မှ သတင်းထုတ်ပြန်ချက် အရ သိရသည်။
by သစ်ထူးလွင်
အင်းတကော်မြို့ (၂)လောင်းပြိုင်လူသတ်မှုမှ တရားခံပြေးအား ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:38
Rating:
