မြစ်ဘက်မှ ရေများ ခန္တီး မြို့တွင်းသို့ဝင်ရောက်


ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ စိုးရိမ်အမှတ်အထက်(၁၆၃)စင်တီမီတာကျော်လွန် တက်ရောက်၍ မြစ်ဘက်မှ ရေများမြို့တွင်းသို့ဝင်ရောက်

ခန္တီး ဇူလိုင် ၂၅

ခန္တီးမြို့တွင်၊မိုး အဆက်မပြတ် ရွာသွန်းနေမှုကြောင့်၊ ချင်းတွင်းမြစ်ရေသည် (၂၅-၇-၂၀၁၆)ရက်နေ့၊ နံက်(၉)နာရီခွဲ အချိန်တွင်၊ မိုးလေ၀သနှင့်ဇလဗေဒဦးစီး ဌာန၏ တိုင်းထွာချက်အရ (၁၅၂၃)စင်တီ မီတာသို့ရောက်ရှိ နေသဖြင့် ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်(၁၃၆၀) စင်တီမီတာထက် ကျော်လွန် နေလျှက်ရှိခြင်း ကြောင့် မြစ်ဘက်မှရေ များသည် ကမ်းနားလမ်းနှင့်စော်ဘွားကြီးလမ်း၊ ကမ်းနားလမ်းနှင့် စကားဝါလမ်းဘက် တို့မှနေ၍ မြို့တွင်းသို့ ကျော်လွန် ၀င်ရောက်နေသည်။


အဆိုပါမြစ်ရေသည်(၂၄-၇-၂၀၁၆)ရက်နေ့၊နေလယ် (၁၂)နာရီအချိန်က(၁၄၇၈) စင်တီမီတာမှ၊ ညနေ(၆)နာရီ အချိန်တွင်(၅)စင်တီမီတာခန့်သို့ ကျဆင်း သွားသော်လည်း ယနေ့နံနက်ပိုင်းတွင်ထူးကဲစွာ ပြန်လည်တက်ရောက် လာခြင်းဖြစ်သည်။


အဆိုပါ မြစ်ရေများကျော်လွန်နေသည့် နေရာများသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ခန္တီးမြို့မှ စစ်ဗျူဟာမှူးနှင့် ခရိုင်စီမံခန့်ခွဲမှုကော် မတီတို့ ဦးဆောင်၍ တပ်ရင်းရင်း၊ တပ်ဖွဲ့များမှတပ်မတော်သား များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် သဲအိတ်များဖြင့်တာ တမံမြင့် ခြင်း၊ စက်ယန္တယား များဖြင့် မြေသားတမံမြင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


ချင်းတွင်းမြစ်ရေ တက်နေမှုကြောင့်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ရေ၀င်နေသည့် စာသင် ကျောင်း(၁၄) ကျောင်းကိုလည်းခေတ္တ ပိတ် ထားကြောင်းနှင့်ရေ ၀င်ဒေသမှပြည်သူများ ယာယီပြောင်းရွှေ့ နေ နိုင်ရန်အတွက် ရေလွတ်သည့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း များတွင်လည်း ဒေသဆိုင်ရာ တာဝန်ရှိသူအဆင့် ဆင့်၏ဦးဆောင်မှုဖြင့်ရေဘေး ကယ်ဆယ်ရေးစခန်းများကို လည်း ဖွင့်လှစ်ထားရှိ ပေး ထားကြောင်းသတင်းရ ရှိသည်။

စန်းလွင်ဦး (ခန္တီးခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြစ်ဘက်မှ ရေများ ခန္တီး မြို့တွင်းသို့ဝင်ရောက်  မြစ်ဘက်မှ ရေများ  ခန္တီး မြို့တွင်းသို့ဝင်ရောက် Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.