ပြည်ထောင်စု တရားလွှတ်တော်ရုံး ဝန်ထမ်းကြိုပို့ယာဉ် ၁ဂ/၆၉၅၁ ဒိုင်နာအဖြူရောင်ယာဉ်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် သုခမိန်လမ်း ဆောက်လုပ်ရေး ဝန်ကြီးရုံးရှေ့ ၌ ယနေ့(ဇူလိုင် ၁၁)မနက် ၉ နာရီခန့်က အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးစောဦးအပါအ၀င် အမျိုးသမီးဝန်ထမ်း ၂၆ ဦးတို့ ထိခိုက်ဒဏ်ရပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုပေးနေကြောင်း သိရပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်း၌ ပုဒ်မ ၃၃၇/၃၃၈/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်သိရပါသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်တွင် ဝန်ထမ်းကြိုပို့ယာဉ် တိမ်းမှောက်၊ (၂၇) ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
16:09
Rating:
