တရုတ်နိုင်ငံတွင် ရေကြီး၊ လူ ၁၅၀ ထက်မနည်းသေဆုံး


ပီကင်း၊ ဇူလိုင် ၂၃ ။

တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ယနေ့ ဇူလိုင်လ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၁၅၀ ထက်မနည်းသေဆုံးသွားခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက် BBC သတင်းတွင်ဖော်ပြသည်။

လူပေါင်းများစွာလည်းပျောက်ဆုံးနေပြီး၊ ထောင်ပေါင်းများစွာသောဒေသခံပြည်သူများမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ရေကြီးမှုဒဏ်ကို Hebei နှင့် Henan ဒေသခံများ အများဆုံးခံစားခဲ့ရကြောင်း၊Hebei ဒေသတွင် သေဆုံးသူအနည်းဆုံး ၁၁၄ ဦးအထိရှိခဲ့ပြီး၊ ၁၁၁ ဦးပျောက်ဆုံးနေကြောင်း၊ နေအိမ် အလုံးရေ ၅၃၀၀၀ ပျက်စီးခဲ့ကြောင်း၊ ရေကြီးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအားနည်းခဲ့သောကြောင့် အစိုးရကို ဒေသခံများက ဆန့်ကျင်ပြောဆိုလျက်ရှိကြောင်း၊ ရေလွှမ်းမိုးရာဒေသများတွင် လျှပ်စစ်မီးနှင့်လမ်းပန်းဆက်သွယ်ရေးများပြတ်တောက် လျက်ရှိကြောင်း၊ အစိုးရက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးမှုကြောင့် စိုက်ပိျုးမြေ ဧက ဟတ်တာ ၁.၅ သန်းထိပျက်စီးနိုင်ပြီး၊ ယင်းသို့ပျက်စီးခြင်းကြောင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံထက်မနည်းဆုံးရှုံးနိုင်ကြောင်း BBC သတင်းတွင်ဖော်ပြသည်။

CBC သတင်းဌာနကမူ ရေကြီးမှုကြောင့်လူပေါင်း ၁၅၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ၁၂၄ ဦးပျောက်ဆုံးနေကြောင်း ဖော်ပြသည်။ မိုးမှာပြီးခဲ့သည် တနလာင်္နေ့မှစတင်ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်းလည်း အထက်ပါသတင်းတွင်ဖော်ပြသည်။

AHN
The Asia Heart News
တရုတ်နိုင်ငံတွင် ရေကြီး၊ လူ ၁၅၀ ထက်မနည်းသေဆုံး  တရုတ်နိုင်ငံတွင် ရေကြီး၊ လူ ၁၅၀ ထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.