![]() |
ဇူလိုင် ၄ ရက်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု အပြီး ဟူစတန်မြို့ အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်) |
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့လယ် အနီး၌ ဇူလိုင်လ ၄ ရက် ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူနှစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
၎င်းဖြစ်စဉ်မှာ အုပ်စု နှစ်စုအကြား အချေအတင် အငြင်းပွားရာမှ ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ပြောဆိုချက်ကို ABC13 ရုပ်သံလိုင်းက ထုတ်လွှင့် ပြသခဲ့သည်။
ပစ်ခတ်မှုကြောင့် လူနှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ ရရှိသွားပြီး ၄င်းတို့ အား နီးစပ်ရာ ဆေးရုံသို့ ပိုဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်းသိရသည်။ အခြား အသက် ၁ဝ နှစ်အရွယ် လူငယ်တစ်ဦးမှာ ဝမ်းဗိုက်အောက်နားတွင် သေနတ် ထိမှန်ခဲ့သလို အသက် ၃ဝ အရွယ် လူငယ်တစ်ဦးမှာလည်း လက်ကောက်ဝတ်တွင် သေနက်ထိမှန်ခဲ့သဖြင့် Memorial Hermann ဆေးရုံသို့ ပို့ဆောင် ထားရကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်မှုသည် တက္ကဆက် လွတ်မြောက်ရေးနေ့  အခမ်းအနားကျင်းပရာ Eleanor Tinsley ဥယျာဉ် အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ၄င်းပစ်ခတ်မှုသည် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက် ဆက်နွယ်မှု တစ်စုံတစ်ရာ မတွေ့ ရကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။ ထို့ပြင် အငြင်းပွားမှုနှင့် ပစ်ခတ်မှုတွင် ပါဝင်ခဲ့ကြသူများအား ရဲတပ်ဖွဲ့ က စုံစမ်းလျက် ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဟူစတန်မြို့ လယ်အနီး ပစ်ခတ်မှုတွင် ၂ ဦးသေ ၂ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
15:59
Rating:
