ဘီးလင်း မုသင်ကျေးရွာတွင် ကျောင်းသားကျောင်းသူ ၃၀ ဦး အစာအဆိပ်သင့်


မွန်ပြည်နယ် ဘီးလင်းမြို့နယ် မုသင်ကျေးရွာတွင် ဇူလိုင်လ ၂၁ ရက်နေ့နံနက်၊ ၁၁ နာရီအချိန်ခန့်က ကျေးရွာအတွင်း လှည့်လှယ်ရောင်းချသော ပဲပြုတ်ဆီဆမ်းအား ဝယ်စားရာမှ မုသင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုသင်ကျေးရွာအတွင်းရှိကျောင်းသားကျောင်းသူများအပါဝင် ကျေးရွာတွင်းကလေးများပါ ကျေးရွာအတွင်း ရောင်းချသော ပဲပြုတ်ဆီဆမ်းအား ဝယ်စားခဲ့ပြီး ကျောင်းတက်ရာတွင် နံနက် ၉ နာရီဝန်းကျင်မှ စတင်ကာ ကျောင်းသားကျောင်းသူများ မူးဝေအော့အန်မှုစတင်ဖြစ်ပွားလာကာ ညနေ ၄ နာရီဝန်းကျင်ခန့်အချိန်တွင် ကျောင်းသားကျောင်းသူ ၃၀ ဦးအထိ အစာအဆိပ်သင့်မှုရှိလာကြောင်း မုသင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ သိရသည်။


"ခုတော့ ပဲပြုတ်သယ်ကိုခေါ်ပြီး ပဲနဲ့ပတ်သက်တဲ့ နမူနာအပြင် သူ့လက်မှာ ဘာရောဂါရှိလဲ ပဲကိုဘယ်လိုထားတယ် ဘယ်လိုလုပ်လဲဆိုတာကို စစ်ဆေးပြီး နမူနာကို ဆေးစစ်ဖို့ကျန်းမာရေးဌာနကို ပို့ထားတယ် အဖြေတော့ မထွက်သေးဘူး''ဟု ဇုတ်သုတ်ကျေးရွာကျန်းမာရေးမှူး ဦးငွေကြည်မှပြောသည်။


ကျောင်းသားကျောင်းသူများ မူးဝေအော့အန်သဖြင့် ဇုတ်သုတ်စံပြကျေးရွာတိုက်နယ်ဆေးရုံသို့ တင်ပို့ထားရပြီး လက်ရှိအခြေနေတွင် ကျန်းမာရေးအခြေအနေအား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဘီးလင်း မုသင်ကျေးရွာတွင် ကျောင်းသားကျောင်းသူ ၃၀ ဦး အစာအဆိပ်သင့်  ဘီးလင်း မုသင်ကျေးရွာတွင် ကျောင်းသားကျောင်းသူ ၃၀ ဦး အစာအဆိပ်သင့် Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.