ဖလော်ရီဒါ ပစ်ခတ်မှု အနည်းဆုံး လူ ၂ဦး သေဆုံး

ဖို့ဒ်မိုင်ယာ မြို့က နိုက်ကလပ် တစ်ခုမှာ ဆယ်ကျော်သက် လူငယ်တွေ ပါတီပွဲ ကျင်းပ နေတုန်း ပစ်ခတ်မှု ဖြစ်ပွား
အမေရိကန် နိုင်ငံ ဖလော်ရီဒါ က နိုက်ကလပ် တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံး ပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖို့ဒ်မိုင်ယာ မြို့က နိုက်ကလပ် တစ်ခုမှာ ဆယ်ကျော်သက် လူငယ်တွေ ပါတီပွဲ ကျင်းပ နေတုန်း ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။

ပစ်ခတ်မှု အတွင်းမှာ ဒဏ်ရာ ရရှိခဲ့သူတွေကို ဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ် ကုသမှု ပေးနေရပါတယ်။

ပစ်ခတ်မှု အတွက် သံသယ ရှိသူ လူတစ်ဦးကို ဖမ်းဆီး ထားကြောင်း နဲ့ တိုက်ခိုက်မှု ဖြစ်ပွား ရတဲ့ အကြောင်းအရင်း ကို စုံစမ်း စစ်ဆေး နေကြောင်း ဖလော်ရီဒါ ရဲတပ်ဖွဲ့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖလော်ရီဒါ ပစ်ခတ်မှု အနည်းဆုံး လူ ၂ဦး သေဆုံး  ဖလော်ရီဒါ ပစ်ခတ်မှု အနည်းဆုံး လူ ၂ဦး သေဆုံး Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.