![]() |
ပြည်ထဲရေးဒုဝန်ကြီးအား ကလေးမြို့၊ ရာဇဂြိုဟ် ဆည်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-စည်သူထွန်း |
မိမိရာထူးတာဝန်များကို ထောက်ထား၍ ရဲတပ်ဖွဲ့ဝင်များ ကေတီဗွီသွားခြင်းမျိုး မလုပ်ကြရန် နိုင်ငံတော်ဒုသမ္မတ၏ ကလေးမြို့ခရီးစဉ်တွင် လိုက်ပါလာသော ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကလေးခရိုင် ရဲတပ်ဖွဲ့ဝင် များအား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ယခုလ ၁၁ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ပြည်ထဲရေးဒု ဝန်ကြီးသည် ဒကစ(ကလေး)အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒုတိုင်းတပ်ဖွဲ့မှူးရဲမှူးကြီးကျော်ထွန်း၊ က လေးခရိုင်ရဲမှူးဒုရဲမှူးကြီးတင်ဇော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးကြည်သိန်း၊ မူးယစ်တပ်ဖွဲ့စု (၅)မှ တပ်ဖွဲ့ဝင် များနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ဝန်ကြီးက နယ်မြေသတင်းတွေကြိုရဖို့ ထွေအုပ်နဲ့ အခြားဌာနအားလုးံကို ပေါင်းစပ်ပြီး လုပ်ဆောင်ဖို့ရယ် ဥပဒေဘောင်ကျော်ရင် အရေးယူခံရမယ်ဆိုတာရယ်၊ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ကို တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ၀န် ထမ်းတွေလည်း မူးယစ်ဆေးဝါးကိစ္စကင်းကင်းရှင်းရှင်း နေဖို့ ကိုယ်ကျင့်တရားပျက်ယွင်းမယ့် ကိစ္စတွေ မလုပ်ဖို့ ဌာနများအတွင်း ညီညီညွတ်ညွတ် နေဖို့မှာခဲ့ပါတယ်"ဟု ကလေးခရိုင်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကလေးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ပြီးလျင် အဓိက မြို့ကြီး တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါးများ ပြည်တွင်းသို့ သယ် ဆောင်ရာ လမ်းကြောင်းတစ်ခုလည်းဖြစ်နေသဖြင့် မူး ယစ်မှုများကို ရဲတပ်ဖွဲ့ဝင်များ အဂတိ တရားကင်းကင်း ရှင်းရှင်းဆောင်ရွက်ကြရန် ပြည်ထဲရေးဒုဝန်ကြီးက မှာ ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ရဲတပ်ဖွဲ့ဝင်များ ကေတီဗွီမသွားကြရန် ပြည်ထဲရေးဒုဝန် ကြီးပြော
Reviewed by THITHTOOLWIN
on
09:10
Rating:
