![]() |
( ဓာတ်ပုံ- စစ်တွေမြို့တွင်လည်း ဇူလိုင်လ ၅ ရက်နေ့က ဤသို့ ရေကြီးခဲ့ပါသည်။) |
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာမှ ဇူလှိုင်လ ၄ ရက်နေ့က သစ်ဖောင်နှင့် အတူ ရေစီးထဲတွင် မျောပါသွားသူ ၆ ဦးမှာ ယခုအချိန်ထိ အိမ်ကို ပြန်မရောက်သဖြင့် မိသားစုများ အထူး စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။
မြောက်ဦးမြို့ မြို့ဦးခေါင်း ဆရာတော်က “ ဆွေမျိုးမကင်းတဲ့သူတွေလည်း ပါသွားတယ်။ လေးမြို့ချောင်း အထက်ပိုင်း ဖန်ချောင်းထဲမှာ သစ်ဝါးခုတ်ရင်း မိုးသည်းထန်ရာကနေ သစ်ဖောင်နဲ့အတူ ဇူလိုင်လ လေးရက်နေ့က ရေစီးနဲ့ အတူ မျောပါသွားတယ်လို့ သိရတယ်။ ဒီနေ့ထက်ထိ သတင်းမရသေးဘူး” ဟု ပြောသည်။
ပျောက်ဆုံးနေသူများထဲတွင် မြောက်ဦးမြို့ ရွာဟောင်းတော ကျေးရွာမှ မောင်ယဉ်သိန်း၊ သာလှနှင့် လူ ၆ ဦး ဖြစ်ပြီး ရွာရှိ မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
သူတို့နှင့် အတူ အလုပ်လုပ်ကိုင်ခဲ့သူ အောင်ရွှေသိန်းမှ လူ၆ ဦး ပျောက်ဆုံးနေကြောင်း ကို ပြောကြားရာမှ မိသားစုများ သိရှိရခြင်း ဖြစ်ပြီး သူတို့နှင့် ပတ်သက်ပြီး သတင်းရရှိပါက မြို့ဦးခေါင်းဆရာတော် (ဖုန်း- ၀၉၄၂၁၇၅၉၄၄၁) မှ တစ်ဆင့် မိသားစုများထံသို့ အကြောင်းကြားပေးကြပါဟု မေတ္တာရပ်ခံထားသည်။
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာမှ လူ ၆ ဦးပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
18:29
Rating:
