လှိုင်သာယာ (၁)ဈေး ဆန်ဆိုင်ရှေ့ မှာ လူသတ်မှု ဖြစ်


ရန်ကုန်တိုင်း လိုင်သာယာမြို့နယ် အမှတ်(၃) ရပ်ကွက်၊ (၁)ဈေးဆန်ဆိုင်ရှေ့တွင် လူသတ်မှု့ ဖြစ်ပွားကြောင်းသတင်းရရှိသည်။


ဖြစ်စဉ်မှာ (21-7-2016) ဇူလိုင်လ (၂၁)ရက်နေ့နံက် (၉) နာရီ အချိန်ခန့်တွင် သေဆုံးသူ၏ ခယ်မတော်စပ်သူ မခင်မာလွင်သည် နေအိမ်တွင် ရှိနေစဉ် တစ်လမ်းတည်းနေသူ မခင်မာကြည် (စီစစ်ဆဲ)ရောက်ရှိလာပြီး လိုင်သာယာမြို့နယ် အမှတ်(၃)ရပ်ကွက်၊ (၁)ဈေးဆန်ဆိုင်ရှေ့တွင် မခင်မာလွင်၏ ခဲအို တော်စပ်သူ ကိုမြင့်ကျော် (သ)၄၇နှစ် (ဘ)ဦးဝင်းသိန်း အမှတ်၂၂၉-သမိန်ဗရမ်းလမ်း(၃)ရပ်ကွက် လိုင်သာယာနေသူအား ကိုသဲ(ခ) ထိုက်ထိုက်ထွန်းမှ ဓါးဖြင့်ထိုးနေကြောင်း လာရောက်ပြောပြသဖြင့် မခင်မာလွင်မှ အခင်းဖြစ်နေရာသို့လိုက်သွားသောအခါ ကိုမြင့်ကျော်တွင် ဝဲလက်မောင်း*ဝဲဂျိုင်းဆုံ*လည်မျို*ဝဲရင်အုံ*ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်စီ ဝဲပါးပြတ်ရှဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ ရှိရသည်။


ဓါးဖြင့် ထိုးသတ်သူ ကိုသဲ(ခ)ထိုက်ထိုက်ထွန်းအား ဥပဒေအရ အရေးယူပေးပါရန် မခင်မာလွင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် အခင်းဖြစ်နေရာသို့လိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးရဲလွင်စိုး--စခန်းမှုးဒုရဲမှုးမြင့်အောင်တို့၏ ကြီးကြပ်မှု့ဖြင့်ပြစ်မှု့ကျူးလွန်သူအား အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး အခင်းဖြစ်စဉ်ကိုသဲ(ခ) ထိုက်ထိုက်ထွန်း ကိုင်ဆောင်အသုံးပြုခဲ့သောအရိုးအသွား(၁၁-၃)လက်မခန့်ရှိ ဓါးမြှောင်အား သိမ်းဆည်း၍ အမှု့စစ်အဖြစ် စခန်းမှုးဒုရဲမှုးမြင့်အောင်မှ တာဝန်ယူဆောင်ရွက်ကာပြစ်မှု့ ကျူးလွန်သူကိုသဲ(ခ)ထိုက်ထိုက်ထွန်း(သ) ၃၀နှစ်(ဘ)ဦးဟန်ထွန်း--သမိန်ဗရမ်းလမ်း--မိုးငယ်အဆောင်(၁)--(၃)ရပ်ကွက်လိုင်သာယာနေသူအား လိုင်သာယာမြို့မရဲစခန်း(ပ)၁၅၁၇/၂၀၁၆ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂ဖြင့် အမှု့ဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဦးမြသန်း

လှိုင်သာယာ (၁)ဈေး ဆန်ဆိုင်ရှေ့ မှာ လူသတ်မှု ဖြစ်  လှိုင်သာယာ (၁)ဈေး ဆန်ဆိုင်ရှေ့ မှာ လူသတ်မှု ဖြစ် Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.