ကျောက်တော် လမုတပင်ကျေးရွာ ရေနစ်၍ တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေး


နိရဉ္စရာ၊ ဇူလှိုင် ၆

အိမ်ခြေ ၂၇၅ ဆောင်ရှိသော ကျောက်တော်မြို့နယ် လမုတပင် ကျေးရွာတွင် တစ်ရွာလုံး ရေနစ်မြုပ် နေပြီး အခု အခါ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ဟု သိရသည်။

ရွာရှိ ရေကန် ၆ ကန်မှာလည်း မသန့်ရှင်းသော ရေများဝင်သွားသဖြင့် သောက်သုံး၍ မရတော့ဟု သိရသည်။

ရွာကျောင်း ဆရာတော် ဦးမေဓသာရမှ ကျောင်းပေါ်တွင် မိသားစု ၂၅ စု ရောက်ရှိနေပြီး ကျန်ရွာသားများမှာ တစ်ခြားရွာများသို့ ထွက်ပြေးနေကြကြောင်း၊ ရေကြီးနေသည်မှာ ခုနှစ်ရက်ရှိနေပြီး ယနေ့တွင် ရေပိုတက်လာကြောင်း ပြောကြားသည်။

ကျွဲနွားများမှာလည်း နေစရာ မရှိ၍ ရေထဲဆင်းကူးရာမှ သေဆုံမှုများလည်း ရှိနေသည်ဟု ဆိုသည်။

အဓိက စားစရာများ၊ သောက်ရေသန့်များ အထူးလိုအပ်နေသည်ဟု ဆိုသည်။

ဆက်သွယ်ရန် (အရှင် မေဓသာရ- ဖုန်း ၀၉၇၈၉၂၅၇၉၃၆)
Narinjara
https://www.facebook.com/Narinjara
ကျောက်တော် လမုတပင်ကျေးရွာ ရေနစ်၍ တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေး  ကျောက်တော် လမုတပင်ကျေးရွာ ရေနစ်၍ တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေး Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.