ရေဦး- ဇူလိုင် - ၁၇
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့်(၆၉) နှစ်မြောက် အာဇာနည်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ခံများက အာဇာနည် ဗိမာန် ပုံတူပြုလုပ်၍ အလေးပြု အခမ်းအနား ကျင်းပကြမည် ဖြစ်သည်။
ကျဆုးံသွားသော ခေါင်းဆောင်ကြီးမျာအား ဂါရ၀ထား အလေးပြုနိုင်ရန် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကဲ့သို့ ပုံစံတူ ပြုလုပ်ခြင်းဖြစ်ကြောင်း ရေဦးမြို့ခံများကပြောသည်။
အာဇာနည်ဗိမာန်ပုံတူကို သံဖရိန်များ၊ ငါးထပ်ပြားများဖြင့် တည်ဆောက်ပြီး ရေဦးမြို့မ အားကစားကွင်း လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ထား၍ အလေးပြု ကြမည်ဖြစ်သည်။
" နဂိုကတော့ အာဇာနည်နေ့လုပ်လို့လုပ်သွားမှန်းကို မသိဘူး။ ခုတော့ လူငယ်တွေအားလုးံ တက်ကြွနေကြတယ်။ အကုန်စုပေါင်းကုသိုလ်နဲ့လုပ်တာ "ဟု ရေဥိးမြို့ခံတစ်ဦးကပြောသည်။
ဓာတ်ပုံ- Aung Myint Thaung fb
Monywa Gazette
https://www.facebook.com/chindwingazet
အာဇာနည် ဗိမာန်ပုံတူ ဆောက်၍ ရေဦးမြို့ခံများ အလေးပြုမည်
Reviewed by THITHTOOLWIN
on
21:09
Rating:
