နမ့်ခမ်းမြို့ ၁၀ တန်းအောင် ကျောင်းသူ ကျောင်းသားများ ဆုပေးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ဆရာတစ်ဦး သေဆုံး


ဒီနေ့  ၁၃.၀၇.၂၀၁၆ ရက်နေ့  နေ့လည် ၃း၃၀ နာရီခန့် တွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၁၀ တန်းအောင် ကျောင်းသူ ကျောင်းသားများ ဆုပေးပွဲမှာ တအာင်းပလောင်စစ်သား တစ်ဦးက ခန်းမရှေ့မှ ၀င်လာပြီး ဆရာ စိုင်းဆန်ခေးအား  သေနတ်ဖြင့် (၆)ချက် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။


ပစ်ပြီးတော့ သေနတ်သမားဟာ နောက်တစ်ယောက် သူ့ ကို ဆိုင်ကယ်စက်နိုးပြီး လမ်းနဲ့မနီးမဝေးမှာ အဆင်သင့်စောင့်နေသောသူက တင်ဆောင်ထွက်ပြေးသွားပါသည်။


 ဆိုင်ကယ်စက်နိုးစောင့်နေတဲ့ သူနဲ့  မျက်နှာချင်းဆိုင် တွေ့ ဆုံခဲ့တဲ့ လူငယ်တစ်ယောက် ပြန်ပြောပြတာက -  ဆိုင်ကယ်သမားဟာ" ဖုန်ကာပါးစပ် တပ်ပြီး လူငယ်ကိုလမ်းဖယ်မပေးလို့စကားနဲနဲ များခဲ့ရသေးတယ်။ တအာင်းစကားလေသံဖြစ်တယ်။ တအာင်းစကားဖြင့် ပြန်ပြောခဲ့သေးတယ်"ဟု လူတစ်ယောက်က ရှင်းပြသွားသည်။ ဒါကြောင့် တအာင်းစစ်သား ၂ ဦးလက်ချက်ဖြစ်ကြောင်း စကားပြောမိသော လူငယ်တစ်ဦးက ပြောပြသွားသည်။

သေနတ်ပစ်ခံရသောသူမှာ သျှမ်းစာပေယဉ်ကျေးမှုဆရာ တစ်ယောက်ဖြစ်သော စိုင်ဆန်ခေး (ခ) မော်လှိုင် ကွန်ကိုင်း ဖြစ်သည်။ လူမှုရေးတွင် အထူးလုပ်သော လူတစ်ယောက်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သတင်း - မောင်သန့်စင်
ခေတ္တ နမ့်ခမ်း

နမ့်ခမ်းမြို့ ၁၀ တန်းအောင် ကျောင်းသူ ကျောင်းသားများ ဆုပေးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ဆရာတစ်ဦး သေဆုံး   နမ့်ခမ်းမြို့ ၁၀ တန်းအောင် ကျောင်းသူ ကျောင်းသားများ ဆုပေးပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ဆရာတစ်ဦး သေဆုံး  Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.