![]() |
အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ Solo ရဲစခန်း (Credit: ABC licensed) |
ဆိုင်ကယ် စီးနင်းလာတဲ့ ဗုံးသမားဟာ ရဲစခန်းထဲ ဝင်ဖို့ ကြိုးစားပေမယ့် ရဲတွေရဲ့ တားဆီးမှုကြောင့် ပြင်ပမှာပဲ အသေခံ ဗုံးဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။
ဗုံးဖောက်ခွဲသူ အခင်းဖြစ်ပွားတဲ့ နေရာမှာ သေဆုံးသွားပြီး ရဲအမှုထမ်းတစ်ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက မြို့တော် ဂျာကာတာမှာ IS အဖွဲ့က ဗုံးဖောက်ခွဲမှု လုပ်ပြီးတဲ့နောက်ပိုင်း အာဏာပိုင်တွေက တပ်လှန့်ထားခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Surabaya မြို့မှာ အကြမ်းဖက်ဖို့ ကြိုးစားတာကို ရဲတွေက သိရှိပြီးနောက် သတင်းပတ်အနည်းငယ်မှာ ဒီကနေ့ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဗုံးဖောက်ခွဲမှုကို သွေးမပျက်ကြဖို့ တိုက်တွန်းလိုက်ပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဘာအကြောင်းပဲပြပြ အကြမ်းဖက်မှု လုပ်လာပြီဆိုရင် ဝိုင်းဝန်းနှိမ်နင်းပြီး ရှုတ်ချရမယ်လို့လည်း ပြောလိုက်ပါတယ်။
By Indonesia correspondent Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese
အင်ဒိုမှာ ဒီမနက်ဗုံးပေါက် မစိုးရိမ်ဖို့ သမ္မတဆို
Reviewed by THITHTOOLWIN
on
16:00
Rating:
