ဓါးနှင့်ထိုးသတ်မယ်ဟု ခြိမ်းခြောက်ခေါ်ဆောင်အလိုမတူဘဲသာ မယားပြုသူအား မိန်းကလေးဖြစ်သူမှတိုင်ကြားအမှုဖွင့်


မြို့သစ်မြို့နယ်နေ အသက် ၁၈ နှစ်ရှိ အမျိုးသမီးတစ်ဦးမှ ၎င်းအား ဓါးဖြင့်ထိုးသတ်မည်ဟု ခြိမ်းခြောက်ခေါ်ဆောင် သားမယားပြုကျင့်ခဲ့သူအား တိုင်ကြားအမှုဖွင့်ခဲ့မှု ဇူလှိုင်၂၅ ရက်ကဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်ညနေ ၅ နာရီအချိန်က မြို့သစ်မြို့နယ်၊ကွင်းကြီးကျေးရွာနေ မ------၊အသက်(၁၈)နှစ်သည် ရွာအနောက်ဘက်တစ် မိုင်ခန့်အကွာရှိ ၎င်း၏နှမ်းခင်းထဲ၌ တစ်ဦးတည်းပေါင်းနှုတ်နေစဉ် တစ်ရွာတည်းနေ အူရဲ၊ အသက် ၂၅ နှစ်သည် အရိုး ၈ လက်မ၊အသွား ၁၀ လက်မခန့်ရှိသော ဓါးချွန်တစ်ချောင်း အားကိုင်ဆောင်ရောက်ရှိလာပြီး မ------အား သူနောက်လိုက်ရန်ပြောရာ မ-------မှ မလိုက်နိုင်ကြောင်းပြောရာ မလိုက်လျှင်ဓါးနှင့်ထိုးသတ်မယ်ဟုပြောကာ လက်အားဆွဲကာ ၎င်းနေထိုင်ရာတဲထဲသို့ခေါ်ဆောင်သွားကာ တဲထဲတွင် အူရဲ၏ဖခင်ဖြစ်သူ ကျော်လှ၊အသက် ၅၁ နှစ်အား တွေ့ရ၍ မ------မှ “ကျွန်မမကြိုက်ပါဘူး၊ကျွန်မကိုပြန်ပို့ပေးပါ၊ အစောကြီးရှိပါသေးတယ်၊ တိုင်လည်းမတိုင်ပါဘူး “ ဟုတောင်းပန်သော်လည်း ကျော်လှမှ အူရဲအား အဝေးသို့ ခေါ်သွား ဟုပြောဟန် မေးကော့ပြ၍ အူရဲမှ ဦးညဏ်တင်၊ အသက် ၅၄ နှစ်၊အိမ်မဲရွာနေသူ၏အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဦးညဏ်တင် အိပ်နေသဖြင့် နှိုးမရ၍ ဦးညဏ်တင်နှင့် တစ်ဝိုင်းတည်းနေ နိုင်လင်းအိမ် သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နှစ် ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထိုနောက် ဇူလှိုင် ၂၄ ရက်နံနက် ၅ နာရီအချိန် အူရဲအိပ်နေစဉ် အိုင်မဲရွာနေ အဒေါ်ဖြစ်သူ မသန်းလှအိမ်သို့ ထွက်ပြေးခဲ့ပြီး ဖခင်ဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့ပြီး ဖခင်ဖြစ်သူလာရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ယင်ဖြစ်စဉ်နှင့်ပက်သက်၍ အလိုမတူဘဲ သားမယားပြု အရေးယူပေးရန် ဇူလှိုင် ၂၅ ရက်တွင် ကျင့်သူ အူရဲအား မ-----မှတရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၂၉၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဓါးနှင့်ထိုးသတ်မယ်ဟု ခြိမ်းခြောက်ခေါ်ဆောင်အလိုမတူဘဲသာ မယားပြုသူအား မိန်းကလေးဖြစ်သူမှတိုင်ကြားအမှုဖွင့် ဓါးနှင့်ထိုးသတ်မယ်ဟု ခြိမ်းခြောက်ခေါ်ဆောင်အလိုမတူဘဲသာ မယားပြုသူအား မိန်းကလေးဖြစ်သူမှတိုင်ကြားအမှုဖွင့် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.