ညောင်တုန်း ဇူလိုင် ၂ဝ
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှု ကြောင့် မြို့၏စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေသို့ ကျော်လွန်သွားပြီ ဖြစ်သည်။ အဆိုပါမြစ်ရေသည် ဆက်လက်မြင့်တက်လာကာ ဇူလိုင် ၂ဝ ရက် နံနက် ၁ဝ နာရီအချိန် တိုင်းထွာချက်အရ ၂၃ ဒသမ ၄ ပေ သို့ ရောက်ရှိလာပြီဖြစ်သည်။
ယခုနှစ်တွင် ညောင်တုန်းမြို့၏ မြို့ပတ်ရေကာတာများ ပြုပြင်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား သော်လည်း မြေသားများ အသားမကျ သေးခြင်းကြောင့် သဘာဝရေဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်သော အနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် ဇူလိုင် ၁၈ ရက်က မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဦးစီးကော်မတီ ကိုဖွဲ့စည်းကာ ဌာနဆိုင်ရာများနှင့် ရပ်ကွက် ၁ဝ ရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများပါဝင်သော နေ့၊ ညမပြတ် ရေကင်းစောင့်ကြပ်လေ့လာရေးအဖွဲ့ငယ်များ ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်ကျော်(ညောင်တုန်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ညောင်တုန်း၌ စိုးရိမ်ရေမှတ်ကျော်လွန်
Reviewed by THITHTOOLWIN
on
07:00
Rating:
