ဇင်းကျိုက်ရေတံခွန်တွင် ခြောက်တန်းကျောင်းသား တစ်ဦး ရေနစ်သေဆုံး


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းတွင် ဇူလိုင် ၁၉ ရက်၊ နေ့လယ် ပိုင်းတွင် ခြောက် တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ မကြာခဏဖြစ်ပွားသောကြောင့် အခါကြီးရက်ကြီးဖြစ်သည့် ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားစဉ်မှာပင် ယင်းကဲ့သို့ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့က ကလေးတစ်ဦးရေနစ်တယ်လို့အကြောင်းကြားလို့ ချက်ချင်းဆင်းကယ်တာ။ ဒါပေမဲ့ အ ကြောင်းကြားတဲ့အချိန်ကနောက်ကျတော့ ကလေးကတော့ အသက်ဆုံးသွားတယ်။ လုံခြုံရေးတွေ အပြည့်ချ ထားတဲ့ကြားကဖြစ်သွားရတာ စိတ်မကောင်းပါဘူး။''ဟု ပေါင်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။

 ဖြစ်စဉ်တွင် မောင်လင်းပြည့်ဖြိုး(၁၂)နှစ် (ဘ)ဦးဝင်းနိုင်၊ ဇေယျာချမ်းမြေ့ရပ်၊ ရွှေမြိုင်သီရီရပ်ကွက်၊ မော်လမြိုင် မြို့နေသူမှာ သူငယ်ချင်းများနှင့်အတူ အနက်(၁၀)ပေ၊ အကျယ်ပေ(၃၀)ခန့်ရှိ ဇင်းကျိုက်ရေတံခွန် အများသုံး ရေကူးကန်တွင် ရေကူးနေစဉ် ရုတ်တရက်ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သတ်၍ ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်း (ပ)၂၃/၂၀၁၆ ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ