ဘုရင့်နောင်ကားပစ္စည်းဈေးရှေ့တွင် အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်ပြေးသူ (၂)ဦးအား ဖမ်းဆီးရမိ


 ဘုရင့်နောင်ကားပစ္စည်းဈေးရှေ့တွင် အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်ပြေးသူ (၂)ဦးအား ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်----သည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကားပစ္စည်းဈေးမှ နေအိမ်သို့ပြန်ရန်အတွက် ဘုရင့်နောင်လမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် ဈေးရှေ့အနီး၌ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် လူငယ်(၂)ဦးမှ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော ဆွဲသီးပါ အလေးချိန်(၂)ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံးအား ဆွဲဖြတ်ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် အဆိုပါနေရာအနီးတွင် အရပ်ဝတ်ဖြင့် နယ်မြေသတင်းစုံစမ်းနေသော ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ဆွဲကြိုးဖြတ်ပြေးသူ အမျိုးသား(၂)ဦးအနက် တစ်ဦးကို အခင်းဖြစ်နေရာ၌ သက်သေခံပစ္စည်းဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်နေ နိုင်ထက်အောင်၊ (၁၉)နှစ်ဖြစ်ကြောင်းနှင့် ထွက်ပြေးသွားသူမှာ လှိုင်သာယာမြို့နယ်နေ ဘိုဘိုထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဘိုဘိုထွန်း၊ (၂၃)နှစ်ကို ယင်းနေ့ ၂၃၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်မှ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ကျူးလွန်သူ နိုင်ထက်အောင်နှင့် ဘိုဘိုထွန်းတို့(၂)ဦးကို ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၅၀၇/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဘုရင့်နောင်ကားပစ္စည်းဈေးရှေ့တွင် အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်ပြေးသူ (၂)ဦးအား ဖမ်းဆီးရမိ  ဘုရင့်နောင်ကားပစ္စည်းဈေးရှေ့တွင် အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်ပြေးသူ (၂)ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:25 Rating: 5
Powered by Blogger.