၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆို

၂၁ရာစု ပင်လုံ ညီလာခံကြိုဆိုထောက်ခံပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပနေစဉ်။ Photo: Kyaw Lwin Oo/ RFA
လာမယ့်သြဂုတ်လအတွင်း ကျင်းပမယ့် ၂၁ရာစု ပင်လုံ ညီလာခံ ကြိုဆိုထောက်ခံပွဲ ကို ရန်ကုန်ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး လူ ၅၀ ကျော် က ဒီနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။

၂၁ ရာစုပင်လုံညီလာခံဟာ ဖက်ဒရယ်တိုင်းပြည်တည်ဆောက်ဖို့ အရေးကြီးပြီး မြန်မာပြည်ရဲ့ ထွက်ပေါက်ဖြစ်တာကြောင့် ကြိုဆိုထောက်ခံတာလို့ ရန်ကုန်ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ကိုမြတ်ကျော် က ပြောပါတယ်။

ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ စတဲ့ မြို့တွေမှာ ကျင်းပခဲ့ပြီး နိုင်ငံတကာလှုပ်ရှားမှုအဖြစ် အမေရိကန်၊ နယ်သာလန်၊ ဒိန်းမတ်၊ သြစတေးလျနဲ့ ဂျပန် နိုင်ငံတို့မှာလည်း ဒီနေ့ ကျင်းပခဲ့ပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုတဲ့ လက်မှတ်တွေကောက်ခံပြီး ပြည်ထောင်စု လွှတ်တော်ကို ပေးပို့သွားမယ်လို့လည်း ကြိုဆိုပွဲ ဦးဆောင်သူတွေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆို ၂၁ ရာစု ပင်လုံညီလာခံ ကို ထောက်ခံကြိုဆို Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.