အကိုအရင်းဖြစ်သူကို ညီမမှ ဓားနှင့်ထိုး၍ သေဆုံး


မုံရွာ - ဇူလိုင် ၉

မုံရွာမြို့ အက်တောရပ်ကွက်မှာ တစ်အိမ်တဲနေသူ အကိုအရင်းကို ညီမဖြစ်သူမှ နေအိမ်အိမ်ရှေ့ လမ်းမပေါ်တွင် ဓားဖြင့်ထိုးသည့် မှုခင်းဖြစ်ရပ် တစ်ခု ဇူလိုင်လ (၉)ရက်နေ့ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးမှုကြောင့် အစ်ကိုဖြစ်သူမှာ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး သေဆုံးသူအား မုံရွာရင်ခွဲရုံတွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း အက်တောကျေးရွာမှ ဒေသခံများကပြောသည်။

အကိုဖြစ်သူမှာ မူးယစ်သောက်စားပြီး အိမ်ရှေ့ လမ်းမပေါ်မှ ညီမနှင့် မိသားစုကို လေးဂွဖြင့်ပြစ် ရန်ရှာနေရာညီမဖြစ်သူမှ မခံရပ်နိုသည့်အဆုံး အိမ်ထဲပုံးနေသည့်နေရာမှ ထွက်ပြီး ဓားနှင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။

Monywa Gazette
https://www.facebook.com/chindwingazet/
အကိုအရင်းဖြစ်သူကို ညီမမှ ဓားနှင့်ထိုး၍ သေဆုံး  အကိုအရင်းဖြစ်သူကို ညီမမှ ဓားနှင့်ထိုး၍ သေဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.