မတ္တရာမြို့နယ် ဒေသခံတောင်သူ(၉၇)ကို တရားစွဲထားသည့်အမှု ဒဏ်ငွေဆောင်ရန် အမိန့်ချ


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ဒေသခံတောင်သူ (၉၇) အား ထွန်တုန်းတိုက်ပွဲများပြုလုပ်သဖြင့် ပုဒ်မ ၃ ခုဖြင့် တရားစွဲထားသည့်အမှုများအား မတ္တရာမြို့နယ်တရားရုံးမှသာ ချမှတ်လိုက်ကြောင်း သိရသည်။

မတ္တရာမြို့နယ်တရားရုံးက ကျောက်စရစ်ရြွ တောင်/မြောက်ကွင်း အမှတ် ၂၂ စိုက်ကွင်းမှ တရားခံအဖြစ်စွဲဆိုထားသော ကိုရဲရင့်အောင်ပါ တောင်သူ ၄၆ ဦး၊ ကိုမြင့်တင်ပါ တောင်သူ ၄၇ ဦး၊ မလင်းလင်းထွေးပါ တောင်သူ ၄ ဦးတို့ကို ပုဒ်မ ၄၄၇ အတွက် ဒဏ်ငွေ ၅၀၀ ကျပ်၊ ပုဒ်မ ၄၂၇ အတွက် ဒဏ်ငွေ ၃၀၀၀ ကျပ်၊ ပုဒ်မ ၁၄၅ အတွက် ဒဏ်ငွေ ၅၀၀ ကျပ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ တောင်သူတွေကို ဒဏ်ငွေအမိန့်ချတာ ဒါ ပထမဆုံးပါ။ အရင်တုန်းက ထောင်ဒဏ်တွေ ချခဲ့တယ်။ ဒီလယ်တွေက ကျွန်တော်တို့ အဘိုးအဘွားတွေ ဓါးမဦးချ လုပ်ခဲ့တဲ့ လယ်တွေပါ”ဟု ဒသခံတောင်သူတဦးက ပြောသည်။

တောင်သူများအနေဖြင့် ဒဏ်ငွေပြစ်ဒဏ်သာ ချမှတ်ခံခဲ့ရသည့်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မတ္တရာမြို့နယ် ဒေသခံတောင်သူ(၉၇)ကို တရားစွဲထားသည့်အမှု ဒဏ်ငွေဆောင်ရန် အမိန့်ချ မတ္တရာမြို့နယ် ဒေသခံတောင်သူ(၉၇)ကို တရားစွဲထားသည့်အမှု ဒဏ်ငွေဆောင်ရန် အမိန့်ချ Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.