မနေ့ ဇူလိုင်လ ၁၁ရက်နေ့ ၂၀၁၆ခုနှစ် နံနက် ၁၁နာရီခန့်တွင် စမွတ်ပရာကန်ခရိုင်၊ ဖရစမွတ်စေတီမြို့၊ ရဲစခန်းမှ ရဲမှူးမစ်တာကျည်ရဝပ် အောင်စာမှ စမွတ်ပရာကန်ခရိုင်၊ ဖရစမွတ်စေတီမြို့၊ ခလောင်စွန်နယ်မြေ ရပ်ကွက်၎၊ အိမ်နံပါတ် ၄၈နဲ့ ၁၀၀မီတာခန့်အကွာရှိငါးမွေးကန်မှာ အသက် ၄၅နှစ်အရွယ် မစ်အော်ရစာ ဖွန်စာရီအသတ်ခံရကြောင်း သတင်းရခဲ့ပါတယ်။
အခင်းဖြစ်ပွားသောနေရာသို့ ရဲမှူးမစ်တာ ထဝီစက် ဦးဆောင်ပြီးရဲတပ်ဖွဲ့၊ မှုခင်းသိပ္ပံစစ်ဆေးရေးအဖွဲ့နဲ့ အမှုစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အခင်းဖြစ်ပွားသောနေရာသည် ၄ဧကခန့်ရှိတဲ့ငါးမွေးကန်ပိုင်ရှင်မစ်အော်ရာစာအသတ်ခံရခြင်းဖြစ်ပါတယ်။ သူမရဲ့ခေါင်းမှာချွန်ထက်ဒဏ်ရာနှင့် ဓားဒဏ်ရာ ၃နေရာတွေ့ရှိရပါတယ်။ အလောင်းအနားမှာ ငါးစာများတွေ့ရသောကြောင့် သူမငါးစာကျွေးနေရင်းအသတ်ခံရခြင်းဖြစ်နိုင်ခြေရှိကြောင်းရဲတပ်ဖွဲ့မှဆိုပါတယ်။
အသတ်ခံရသူရဲ့ခင်ပွန်း၏ ညီမဖြစ်သူ မစ်စုနိစာဖွန်စာရီကို စစ်ဆေးမေးမြန်းကြည့်ရာမှာ တရားခံသည် မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဇူလိုင်လ ၁၀ရက်နေ့ညနေပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားသည် ၎င်းငါးမွေးကန်မှာငါးခိုးယူနေတာကို အသတ်ခံရသူမစ်အော်ရစာကတွေ့ပြီး ဤငါးကန်သည်ပိုင်ရှင်ရှိတယ် ငါးလာဖမ်းလို့မရဘူးလို့ ၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမားကိုပြောခဲ့ပါတယ်။ ၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမားမှ ငါပြဿနာတွေ့ရင် နင်အနေမသာသာမှတ် လို့ပြန်ပြောပြီး ပြန်သွားကြောင်းဆိုပါတယ်။
နောက်တနေ့ ဇူလိုင်လ ၁၁ရက်နေ့ မနက်ပိုင်း အခင်းမဖြစ်ပွားခင်မှာ အသတ်ခံရသူ၏ခင်ပွန်းဖြစ်သူမှ ဆိုင်ကယ်စီးပြီး ချာချိန်စောခရိုင်မှာအလှူပွဲမသွားမီ မစ်အော်ရစာငါးစာကြွေးရန် ငါးမွေးကန်သို့ပို့ခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။ နံနက် ၁၁ရီခန့်မှာ ငါးမွေးကန်ပိုင်ရှင်မှ မိမိဇနီးဖြစ်သူ မစ်အော်ရစာဆီကိုဖုန်းဆက်ရာ သူမဖုန်းမကိုင်သောကြောင့် မိမိရဲ့ညီမဖြစ်သူ မစ်စုနိစာဆီဖုန်းဆက်ပြီး မိမိဇနီးဖုန်းမကိုင်သောကြောင့် ငါးမွေးကန်မှာ တချက်ကြည့်ပေးပါလို့ပြောရာ မစ်စုနိစာမှ ငါးမွေးကန်သို့သွားရောက်ခဲ့ပါတယ်။ ၎င်းငါးမွေးကန်တွင် မစ်အော်ရစာသေဆုံးကြောင်းတွေ့ရ၍ မိမိအစ်ကိုဖြစ်သူငါးကန်ပိုင်ရှင်ထံဖုန်းဆက်ပြီးနောက် ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း မစ်စုနိစာမှ အချက်အလက်ပေးခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ရဲတပ်ဖွဲ့မှ တရားခံလူသတ်သမားသည် မစ်အော်ရစာနှင့် စကားများခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားဖြစ်နိုင်ကြောင်းလို့ထင်မြင်ယူဆထားပါတယ်။ တရားခံကိုလိုက်လံဖမ်းဆီးရာ အဆောင်မှ ထွက်ပြေးသွားပြီးဖြစ်ကြောင်းသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့မှ တရားခံလူသတ်သမားအားအမိဖမ်း၍ ဥပဒေအရအရေးယူသွားမယ်ဖြစ်ကြောင်းဆိုပါတယ်။
MTF Channel
https://www.facebook.com/mtftv
ငါးကန်ပိုင်ရှင်မကို သတ်ခဲ့တဲ့ မြန်မာကို လိုက်လံဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:07
Rating:
