၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံလမ်းလျှောက်ပွဲ

 ( ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့မှာ ချီတက်လမ်းလျှောက် တိုက်တွန်းလှုံ့ဆော်နေစဉ် ) Photo: Hset Paing Toe/ RFA
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကာတွန်းပြပွဲကို ကြိုဆိုကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

မန္တလေးမြို့က မင်္ဂလာမန္တလေးအိမ်ယာမှာ ကျင်းပတဲ့ " မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" ကာတွန်းပြပွဲ ကို တက်ရောက်လာစဉ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။

လာမယ့်သြဂုတ်လကုန်လောက်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံ ကြိုဆိုတဲ့အနေနဲ့ မန္တလေးမြို့က နိုင်ငံရေးအင်အားစုတွေ လူမှုရေးအသင်းအဖွဲ့တွေ တောင်သူ လယ်သမား အလုပ်သမားတွေစုပေါင်းပြီး မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် ပင်လုံညီလာခံကို ထောက်ခံတာဖြစ်တယ်လို့ ပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့် က ပြောပါတယ်။

လမ်းလျှောက်ပွဲမှာ လူအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားရှေ့ကနေ မင်္ဂလာမန္တလေးအိမ်ယာအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ပါဝင်သူတွေဟာ ၂၁ ပင်လုံညီလာခံ အောင်ရမယ်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရပ်စဲရေး တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။ အလားတူ ထောက်ခံကြိုဆိုပွဲတွေကို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ကျင်းပသင့်တယ်လို့ လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

ချီတက်ပွဲမှာ ပါဝင်ကြသူတွေဟာ လာမယ့် သြဂုတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်တိုင် မန္တလေးမြို့ အနှံ့ လှည့်လည်လမ်းလျှောက်ချီတက်ကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ