ငရုတ်ကောင်း ဇူလိုင် ၉
ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့၌ ငါးဖမ်းရန်သွားသော စက်လှေငယ်မှာ ပင်လယ် ပြင်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇူလိုင် ၈ ရက်က နစ်မြုပ်သွားခဲ့သည်။
အဆိုပါနစ်မြုပ်သွားသော ငါးဖမ်းစက်လှေငယ်တွင် ရေလုပ်သား သုံးဦး ပါသွားခဲ့သည်။ ၄င်းသုံးဦးထဲမှ ငရုတ်ကောင်းမြို့နေ ဦးရခိုင်မှာ စက်လှေ နစ်မြုပ်စဉ် ကူးခတ်မှုကြောင့် သစ်ရောင်းရွာကမ်းနားသို့ ရောက်ရှိခဲ့သည်။
ထိုဖြစ်စဉ်များအား ငရုတ်ကောင်းမြို့နေ ဦးရခိုင်သည် သစ်ရောင်းရွာမှ ဖုန်းဆက်ပြောဆိုသောကြောင့် နစ်မြုပ်သွားသောစက်လှေငယ်တွင် ပါသွားသော ဦးဆန်းသိန်းနှင့် ဦးဆန်းအေးအား မိသားစုများမှာ ငါးဖမ်းစက်လှေအကြီးများဖြင့် ပင်လယ်ပြင်သို့ သွားရောက်ရှာဖွေနေကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ငါးဖမ်းစက်လှေငယ် နစ်မြုပ် ၂ ဦးပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
12:37
Rating:
