တောင်ဆူဒန်တွင် သေဆုံးဒဏ်ရာ ရရှိသူ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အရေအတွက် အတည်ပြု

တောင်ဆူဒန် ရှိ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)
    ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

    တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူးဘားတွင် တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် သံချပ်ကား တစ်စီးသည် လုံခြုံရေး ဆောင်ရွက်နေစဉ် အတွင်း အမြောက်ဆံ ထိမှန်ခဲ့၍ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဋ္ဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဂျူးဘားမြို့တွင် အစိုးရတပ်ဖွဲ့များနှင့် အစိုးရဆန့်ကျင်သည့် တပ်ဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွားနေသည့် ဇူလိုင်လ ၁၀ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝန်ကြီးဋ္ဌာန သတင်းအချက်အလက် ရုံး၏ ထုတ်ပြန်ချက်အရ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ၏ သံချပ်ယာဉ်သည် ဒုက္ခသည်စခန်းများအား လှည့်လည်လုံခြုံရေး ဆောင်ရွက်နေစဉ် အမြောက်ဆံ ထိမှန်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများ အနက် သုံးဦးမှာ အခြေအနေ ပြင်းထန်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ စစ်တပ် အနေဖြင့် အဆိုပါ တိုက်ခိုက်မှု အား ပြင်းထန်စွာ ရှုတ်ချပြီး ထိခိုက်သေဆုံးသူများ နှင့် ၄င်းတို့၏ မိသားစုဝင်များအား အထူး ဝမ်းနည်းရကြောင်း ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်သည် အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီး ချက်ချင်း အရေးပေါ် လုပ်ဆောင်ချက်များကို စတင်ခဲ့ကြောင်း၊ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိသူများအား အားသွန်ခွန်စိုက် ကုသပေးခဲ့ကြောင်းနှင့် လုံခြုံရေး အတွက် ကြိုတင် ကာကွယ်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

 (Xinhua)
http://www.xinhuamyanmar.com
တောင်ဆူဒန်တွင် သေဆုံးဒဏ်ရာ ရရှိသူ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အရေအတွက် အတည်ပြု  တောင်ဆူဒန်တွင် သေဆုံးဒဏ်ရာ ရရှိသူ တရုတ် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အရေအတွက် အတည်ပြု Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.