လားရှိုးကျေးလက်ဒေသခံ ရွာသား ၇ ဦးသေဆုံးမှု ရမခ ဒုတိုင်းမှူး ကွင်းဆင်း ကြည့်ရှု


ဂျူလိုင် ၄ ရက် ၂၀၁၆

လားရှိုးကျေးလက်ဒေသခံ ၇ ဦး သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ဒုတိုင်းမှူး မှ ကျန်ရစ်သူမိသားစုအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ကြေးငွေ နှင့် ထိုသို့ နောက်တကြိမ်မဖြစ်စေရ ဟူသည့်နှုတ် ကတိဖြင့် ပြောဆိုလိုက်သည် ဟု ဒေသခံများ ပြောပြချက် အရသိရသည်။

ဂျူလိုင်လ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ဒုတိုင်းမှူး ဗိုလ်ချုပ် ကျော် ကျော်စိုးက ရွာသား ၇ ဦးသေဆုံးခဲ့ရသည့် အခင်းများဖြစ်ပွါး ရာ လားရှိုးမြို့နယ် မိုင်းယော်တိုက် နယ်သို့ ရောက်ရှိကာ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား ခေါ်ယူတွေ့ဆုံ ကြောင်း၊ တမိသားစု ကျပ်ငွေ သုံးသိန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့အတူ ထိုကဲ့သို့ ဖြစ်ရပ်မျိုး နောက် တကြိမ် မဖြစ်စေရ ဆိုသည့် နှုတ်ကတိအားလည်း ပြည်သူ လူထု နှင့်တွေ့ ဆုံစဉ် ပြောကြားခဲ့ ကြောင်း မိုင်းယော်ဒေသခံများကပြောသည်။

ဗုံးစထိမှန် ဒဏ်ရာရသူအချို့အားလည်း လားရှိုးသို့ ဆေးဝါးကုသခွင့်ရရန် အာဏာပိုင်များအား ဒု တိုင်းမှူး က ညွှန်ကြားထားသည်ဟုလည်းသိရသည်။


သေဆုံးသူများအနက် စိုင်းဆိုင်၏ ဇနီးဖြစ်သူက- “ဒုတိုင်းမှူးကြီးက မိုင်းယော် ကို ရောက်လာတယ်။ သေဆုံးသူတယောက်အတွက် ကျပ် ၃ သိန်း စီပေး တယ်။ လျော် ကြေးတော့မဟုတ်ဘူးတဲ့။ တိုင်းမှူးကြီးကသနားသဖြင့် ပေးတာ လို့ ပြောတယ်။ နောက်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုပေးဖို့ခေါ် သွား တယ်” - ဟု ပြောသည်။

သေဆုံးသူ စိုင်းဆိုင်တွင် ဇနီးနှင့်အတူ သား ၂ ဦး ကျန်ရစ်ကြောင်း၊ ၎င်းတို့ မိသားစု ဝမ်းစာအတွက် တနေ့လုပ်အားခ ကျပ်ငွေ ၄၀၀၀ ဖြင့် ခြံ အလုပ် သွားလုပ်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

ရွာသားများ၏ ပြောပြချက်အရ ဂျွန်လ ၂၅ ရက်က လားရှိုးမြို့မှ မိုင်းယော်သို့ ဦးတည်သည့် အစိုးရ တပ်မတော်စစ်ကြောင်းသည် မိုင်းယော်အဝင်တွင် ဆိုင်ကယ်သမားအားတားဆီးခဲ့ ကြောင်း၊ ဆိုင်ကယ်သမားက ရပ်မပေးေ သာကြောင့် အဆိုပါ စစ်ကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းသူ နှင့် ကပ်စီးလာသူ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရကြောင်း၊ အဆိုပါ ဆိုင်ကယ် ပစ်ခတ်ခံရစဉ် လမ်းဘေးတလျှောက်ရှိ စစ်သားများက လက်နက်ကြီး လက် နက်ငယ် မျိုးစုံအား ဦးတည်ရာမဲ့ ပစ်ခဲ့ခတ်ကြောင်း၊ အနီးအနားရှိ ခြံလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးကြောင်း၊ ထိုသူများထဲမှ ၅ ဦး ပစ်သတ်ခံ ရခြင်ြး ဖစ်ကြောင်း၊ လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် လည်း ပြောင်းခြံ သမ သုံးဦး ဒဏ်ရာရရှိကြောင်း - ရွာသားများက ပြောပြသည်။

ဦးစွာပစ်ခတ်ခံရပြီး သေဆုံးသွားသူ ဆိုင်ကယ်သမား ၂ ဦး၏ မိဘများဟု ယူဆရသည့် လားရှိုးမြို့ နမ့်ယော်ကျေးရွာအုပ်စု အီနှိုင်းကျေး ရွာသား များက လည်း လားရှိုးရဲစခန်းသို့ ယနေ့ ဂျူလိုင်လ ၄ ရက်တွင် လာရောက်တိုင် တမ်း မှု ရှိကြောင်း ၊ အမှုတွင် ကူညီဖြေရှင်းပေးနေသည့် အမျိုးသား လွှတ်တော် ကိုယ် စား လှယ်စိုင်းဝမ်းလျန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပစ်သတ်ခံရမှုကြောင့် သေဆုံးသွားသူ ၅ ဦးအတွက် ဆွမ်းသွတ်အလှူကို ဂျူလိုင်လ ၂ ရက်နေ့ က မိဘဆွေမျိုးများနှင့် ရွာသားများက စုပေါင်းပြုလုပ်ေ ပး ခဲ့ပြီး ဂျူလိုင်လ ၃ ရက်နေ့တွင်မူ သေဆုံးသူများအေးချမ်းသော ဘုံဘ၀ တွင်ရောက်ရှိစေရန်နှင့် နှင့်ရပ်ရွာအေးချမ်းမှု ရရှိသေရန် အတွက်ရည်ရွယ်ကာ ကချင်လူမျိုးများ ခရစ်ယာန် နှစ်ခြင်းအသင်းတော်ကလည်း ဆုတောင်း ပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးမှာ မန်ကစ်ရွာမှ စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ်) စိုင်းအိုက်လွတ် ၃၉ နှစ်၊ အိုက်မောင် ၂၇ နှစ် ၊ မန်တပ်ရွာမှ စိုင်းရွှေလူ ၁၇ နှစ်နှင့် အိုက်မောင်၂၃ နှစ်တို့ဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
လားရှိုးကျေးလက်ဒေသခံ ရွာသား ၇ ဦးသေဆုံးမှု ရမခ ဒုတိုင်းမှူး ကွင်းဆင်း ကြည့်ရှု  လားရှိုးကျေးလက်ဒေသခံ ရွာသား ၇ ဦးသေဆုံးမှု ရမခ ဒုတိုင်းမှူး ကွင်းဆင်း ကြည့်ရှု Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.