ဆေးရုံများ၌ သွေးရောင်းစားပါက တိုင်ကြားနိုင်ဟုဆို


ဇူလိုင် ၂၁

သွေးနှင့်ပတ်သက်သည်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားပြီးဖြစ်၍ ဆေးရုံများ၌ သွေးရောင်းစားပါက တိုင်ကြားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က China.com သို့ ပြောသည်။


မေတ္တာပင်လယ် ပရဟိတအဖွဲ့မှ စေတနာရှင်များက အမျိုးသားသွေးဌာန၌ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းခြင်းကို ယနေ့ပြုလုပ်ရာတွင် အမှာစကား ပြောကြားမူအပြီးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''သွေးအလှူရှင်အတွက် ထောက်ပံ့မူတောင်းသလား ဆိုတာကိုတော့ မသိပါဘူး။ ဒါကြောင့် ဘာအတွက် ပိုက်ဆံတောင်းတယ်ဆိုတာကို မေးပါ။ အကောင်းမြင်တဲ့ ပြောင်းလဲချင်တဲ့ ဆန္ဒကြောင့် ကျွန်မတို့ကို အသိပေးပါ။ ရအောင်ဖော်ထုတ်ပေးပါမယ်။ ဖြစ်ပြီးတဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးပါ့မယ်''ဟု ဒေါက်တာသီတာအောင်ကပြောသည်။


အမျိုးသားသွေးဌာနမှ ရန်ကုန်ဆေးရုံကြီး၊ မင်္ဂလာဒုံဆေးရုံ၊ ဝေဘာဂီဆေးရုံ၊ ဇီဝိတဒါနဆေးရုံနှင့် လူမူဖူလုံရေးဆေးရုံအပါအဝင် ဆေးရုံပေါင်း ၁၁ ရုံသို့ သွေးဖြန့်ဝေပေးလျက်ရှိပြီး အခြားသောဆေးရုံများမှ တောင်းခံလာပါကလည်း ဖြန့်ဝေပေးကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ သွေးယူနစ်ပေါင်း ၁ သိန်း ၁ သောင်းကို ဖြန့်ဝေပေးခဲ့သည်။ ဖြန့်ဝေသည့် သွေးများတွင် အလှူရှင် ၉၃ ရာခိုင်နှုန်း၏ လှူဒါန်းမူပါဝင်ပြီး သွေးလိုအပ်အပ်သည့် မြင့်တက်လာကြောင်း သိရသည်။

အမျိုးသားသွေးဌာန(ရန်ကုန်)မှ ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်နေ့မှ စတင်၍ သွေးနှင့် သွေးပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိပြီး သွေးနှင့် သွေးပစ္စည်းများ ထုတ်ယူရာတွင် အခကြေးငွေ ပေးရခြင်း၊ သွေးလှူဒါန်းခြင်းအတွက် အခကြေးငွေပေးရခြင်းများကို ကြုံတွေ့ပါက ၀၁၃၇၂၇၅၄ သို့တိုင်ကြားနိုင်ကြောင်း သိရသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
ဆေးရုံများ၌ သွေးရောင်းစားပါက တိုင်ကြားနိုင်ဟုဆို  ဆေးရုံများ၌ သွေးရောင်းစားပါက တိုင်ကြားနိုင်ဟုဆို Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.