စေတုတ္တရာ-စလင်း ဆက်သွယ်သောလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား၍ ပြိုကျပျက်စီး


စေတုတ္တရာ ဇူလိုင် ၃၁

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လ(၃၀)ရက်နေ့ ညနေ(၅)နာရီ အချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စေတုတ္တရာ-စလင်းကားလမ်း၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃) ကြား (မကြီးစုရွာနှင့် ညောင်အိုင်ရွာအကြား) အရှည်ပေ(၄၀)ရှိ ပဇောချောင်းတံတားနှင့် ကတ္တရာလမ်း ပေ(၄၀)တို့သည် ချောင်းရေ တိုက်စားကာ ပြိုကျပျက်စီးခဲ့၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်။


အဆိုပါ တံတားနှင့်လမ်းပျက်စီးသောနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစောထူးနှင့် အဖွဲ့ဝင်တို့သည် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၈)နာရီက သွားရောက်၍ ပျက်စီးသွားသော တံတားနှင့် လမ်းတို့အား အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။

မင်းဘူးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စေတုတ္တရာ-စလင်း ဆက်သွယ်သောလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား၍ ပြိုကျပျက်စီး  စေတုတ္တရာ-စလင်း ဆက်သွယ်သောလမ်းမှ ပဇောချောင်းတံတား ချောင်းရေတိုက်စား၍ ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.