မောင်တော အခြေအနေ ပုံမှန်အနေအထားတွင်ရှိပြီး လုံခြုံရေး အခြေအနေ စိုးရိမ်စရာမရှိဟု ဒေသအာဏာပိုင်များ ပြော

ဓာတ်ပုံ...အင်တာနက်
ရခိုင်ဂေဇက် ၊ ဇူလိုင် ၈

ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားမှုများ မှာ ပုံမှန်အနေအထား တွင် ရှိနေပြီး လုံခြုံရေး အခြေအနေမှာလည်း စိုးရိမ်စရာ မရှိကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေး မှူး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ဦးရဲထွဋ်က “ မောင်တောအခြေအနေ လက်ရှိအနေအထားအတိုင်း အားလုံး ပုံမှန်ပါပဲ ။ လုံခြုံရေး အခြေအနေတွေလည်း ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အားလုံးတည်ငြိမ်နေပါတယ်။ ပြဿနာ ဖြစ်တာတွေလည်း ဘာမှ မရှိပါဘူး ” ဟုပြောသည်။

မောင်တောမြို့နယ်နှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များ သည် မောင်တောမြို့ပေါ်တွင် မော်တော်ကားများဖြင့် ဆောင်းဘောက်များ အကျယ်ကြီးဖွင့်ကာ ဒေသခံ မိန်း ကလေးများအား စနောက်မှုများ ရှိနေပြီး ဆူညံ အော်ဟစ် သွား လာနေကြသည့် အတွက် ပြဿနာများ ဖြစ်ပွားရန် အစ ပျိုးနေကြောင်း ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြောင်းကြားထားရပြီး အခြေအနေကို စောင့်ကြည့် နေရကြောင်း ဇူလိုင်လ ၈ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတချို့တွင် လုံခြုံရေး သတိရှိရန် ရေးသားမှု များ ရှိသည်။

ထိုအကြောင်း အရာနှင့်ပတ်သက်၍ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “ အဲလိုမဟုတ်ပါဘူးဗျာ ။ သင်္ကြန်တုန်းက ပုံစံမျိုး ဆောင်းဘောက်တွေတင်ပြီး ကားပတ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ အစ္စလမ် ဘာသာဝင်တွေက သူတို့မှာ ပွဲရှိတော့ ကားတွေနဲ့ အနည်းအကျဉ်း သွားတာလောက်ပါပဲ ။ အသင်းအဖွဲ့ လှုပ်ရှား သွားလာတဲ့ ပုံစံ မျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး လုပ်မယ့် ကိစ္စမျိုး ဆို ကျွန်တော်တို့ ဘယ်ခွင့်ပြု ပါမလဲ ” ဟုပြောသည်။

အဆိုပါမောင်တောအခြေအနေနှင့် သတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်သန်းအား ရခိုင်ဂေ ဇက် သတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ မောင်တောမြို့ အခြေအနေသည် ပုံမှန် အနေအထားတွင် ရှိကြောင်း ၊ အစ္စလာမ် ဘာသာဝင်များ ဥပုသ် အထွက် ( ရူးစာကိုင် ) နေ့ဖြစ်သည့် အတွက် ၄င်းဘာသာဝင် များ ကားဖြင့် သွားလာနေမှု ရှိသော်လည်း လက်ရှိ အခြေအနေအရ ပြဿ နာ ဖြစ်ပွားနိုင်သည့် အနေအထားတွင် မရှိကြောင်း အခြေအနေအား ရှင်းပြသည်။

Rakhine Gazette
https://www.facebook.com/RakhineGazette
မောင်တော အခြေအနေ ပုံမှန်အနေအထားတွင်ရှိပြီး လုံခြုံရေး အခြေအနေ စိုးရိမ်စရာမရှိဟု ဒေသအာဏာပိုင်များ ပြော မောင်တော အခြေအနေ ပုံမှန်အနေအထားတွင်ရှိပြီး လုံခြုံရေး အခြေအနေ စိုးရိမ်စရာမရှိဟု ဒေသအာဏာပိုင်များ ပြော Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.