မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုး အလုပ်ရှင်သဌေး က အခန်းပိတ်ပြီး လူမဆန်စွာ သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ မောင်းထုတ်ခဲ့


ထိုင်းနိင်ငံ နခွန်ပထုံမြို့နယ် အုန်းရိုင်နယ်မြေ မှာ ၂၀ ဇူလိုင် ၂၀၁၆ က မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုး အလုပ်ရှင်သဌေး က အခန်းပိတ်ပြီး သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ မောင်းထုတ်ခဲ့ ပါတယ်။


ရိုက်နှက်ခံရသူ ကိုအောင်ဇော်မြင့် အသက်(၂၇) နှစ် အုန်းရိုင် Big C အနီးက PPC သံရုံက အလုပ်သမားဖြစ်ပြီး အလုပ်ရုံထဲမှာပဲ နေထိုင်သူပါ။ လင်မယား စကားအနည်းငယ်များတာကို အရက်မူးနေတဲ့ အလုပ်ရှင်မှ နားငြီးတယ်ဆိုပြီး စက်တီးသံကြိုးနဲ့ အခန်းပိတ်ပြီး ရိုတ်နှက်နှိပ်စက်တာ ဖြစ်ပါတယ်။


မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ အဖွဲ့ဝင် ''AAC'' အဖွဲ့မှ လူမဆန်စွာရိုတ်နှက်သော အလုပ်ရှင်အား ယနေ့ရဲစခန်းတွင်အမှုဖွင့်တရားစွဲဆိုနေပါတယ်။


ရိုတ်နှက်ခံရသူ ကိုအောင်ဇော်မြင့်အား AAC ကိုရဲမင်းက မေးမြန်းထားတာကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

Credit to Ye Min

မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုး အလုပ်ရှင်သဌေး က အခန်းပိတ်ပြီး လူမဆန်စွာ သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ မောင်းထုတ်ခဲ့  မြန်မာလုပ်သားတစ်ဦးကို ထိုင်းလူမျိုး အလုပ်ရှင်သဌေး က အခန်းပိတ်ပြီး လူမဆန်စွာ သံကြိုးနဲ့ ရိုတ်နှက်နှိပ်စက်ပြီး အလုပ်ရုံထဲမှ မောင်းထုတ်ခဲ့ Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.