မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အနည်းငယ်ကျော်


မုံရွာ၊ ဇူလိုင်-၁၁

မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေသည် ယနေ့နံနက်ပိုင်း ၈နာရီ တိုင်းထွာချက်များအရ (၁၀၀၂)စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက်၂စင်တီမီတာ ကျော်လွန်နေပြီ ဖြစ်သည်။

ယနေ့မှစတင်၍ မုံရွာမှအထက် ချင်းတွင်းပြေးဆွဲသော လူစီး၊ ကုန်တင်အမြန်ရေယာဉ်လိုင်းများကိုလည်းမြစ်ရေအခြေအနေအရ ယာယီပိတ်လိုက်ပြီဖြစ်သည်။

ယခင်နှစ်က ချင်းတွင်းမြစ်ရေမှာ (၁၀၅၀)စင်တီမီတာနီးပါး မုံရွာမြို့အနီး ရောက်ရှိခဲ့သော်လည်း မြို့အတွင်းရေဝင်ရောက်ခဲ့ခြင်းမရှိပေ၊ လက်ရှိရေအမှတ်(၁၀၀၂)စင်တီမီတာသည် စိုးရိမ်ရသည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း မိုးဇလဌာနမှ သိရသည်။

Monywa Gazette
https://www.facebook.com/chindwingazet
မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အနည်းငယ်ကျော်  မုံရွာမြို့အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် အနည်းငယ်ကျော် Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.